သတင်းများ

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်း (၈၇၀၀)ထုတ်ချေးပေးသွားမည်
May 26,2021
စီးမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ နိုင်ငံအဝန်းရှိ တောင်သူလယ်သမားဦးကြီးများအား စိုက်ပျိုးစရိတ်ချေးငွေများကို ဘဏ်စတင်တည်ထောင်သည့် ၁၉၅၃ ခုနှစ်မှစတင်ပြီး နှစ်စဉ်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊  (Community Centre) ခန်းမတွင် ပန်းလိုချင်အပင်ပျိုးတတ်မှ စာအုပ်အား စာဖတ်ဝိုင်းကျင်းပ
May 26,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သည် စာပေချစ်မြတ်နိုးသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်၊ စာဖတ်သည့်အလေ့အကျင့်မှ အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် အသိဉာဏ်ပညာ တိုးတက်မြင့်မားလာပြီး အကောင်း၊ အဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးတတ်စေရန်၊ စာပေမှရရှိသော  အသိအမြင်ဗဟုသုတများ    ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်(၁၁:၀၀)နာရီက ဒဂုံမြို့သစ်(အရှေ့ပိုင်း)ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ   ပြုလုပ်ခဲ့သည်။
ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ နေ့အလိုက်ပုံမှန်ထုတ်ပေး
May 26,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား မေလ ၂၁ ရက်မှစတင်၍ ပင်စင်လစာငွေများကို နေ့အလိုက်ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၈)နှစ် ပြည့်ပြီးသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကျေးရွာနေပြည်သူများထံသို့ သွားရောက်ဆောင်ရွက်လျက်ရှိ
May 26,2021

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ (ပန်းခင်း) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို မေလဆန်းမှ စတင်၍ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့ နံနက်ပိုင်းက ရှမ်းတဲကြီးကျေးရွာ အုပ်စု ဓမ္မာရုံတွင် ပန်းခင်းစီမံချက်ဖြင့် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်းအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ကျေးရွာနေ ပြည်သူများထံသို့ တာဝန်ရှိသူများက သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မုဒုံမြို့နယ်တွင်၂၀၂၁ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲကျင်းပ
May 26,2021
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ အားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန် ပြည်သူများ အားကစားကို လေ့လာလိုက်စားစေခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှု ရှိစေရန်၊ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြို့နယ် အား/ကာကော်မတီမှ ကြီးမှူးပြီး နွေရာသီအခြေခံအားကစားသင်တန်း၊ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မုဒုံမြို့နယ်မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပသည်။
ညောင်ရွှေမြို့နယ်၌ ၂၀၂၁-ခုနှစ်အတွက် မိုးရာသီသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး
May 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၁ ခုနှစ်အတွက် မိုးရာသီ သီးနှံထုတ်လုပ်မှု စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လက်ပံတန်း​မြို့နယ်တွင် ကိုဗစ်(၁၉) စည်းကမ်းချက်များနှင့်အညီ ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းများ နေ့စဉ်ဆောင်ရွက်ပေး
May 26,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ကို ကိုဗစ်-၁၉ရောဂါ စတင်ဖြစ်ပွားစဉ်ကာလမှစ၍ ခေတ္တယာယီ ပိတ်ထားခဲ့ရာ  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်(၁၉) စည်းကမ်းချက်များနှင့်အညီ ယခုနှစ် ဧပြီ ၂၉ရက်နေ့မှ စတင် ပြန်လည်ဖွင့်လှစ်ကာ  ပြည်သူ့စာကြည့်တိုက်၏ စာငှား၊ စာဖတ် ဝန်ဆောင်မှု လုပ်ငန်းများကို အပတ်စဉ်ရုံးဖွင့်ရက်များအတွင်း နေ့စဉ် နံနက် ၉နာရီခွဲမှ ညနေ ၄နာရီခွဲအချိန်အထိ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်ဒုံမြို့ အမှတ်(၄)ရပ်ကွက် သီတာလမ်းကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
May 26,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၀-၂၀၂၁) ခုနှစ်၊ ဘဏ္ဍာနှစ် ပြည်နယ် ဘတ်ဂျက်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ (၁၅.၈၀၀)ကျပ်သန်းဖြင့် သီတာလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။