သတင်းများ

ချောင်းဆုံမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲတော်များ ကျင်းပ
May 26,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သာသာနာ့နယ်မြေအတွင်းရှိ မဟာဗောဓိညောင်ပင်အား ကဆုန်ညောင်ရည်သွန်းလောင်းပွဲတော် ကျင်းပခြင်းနှင့် ကျေးရွာရပ်ကွက်များတွင် စတုဒီသာကျွေးမွေးခြင်းများကို ယင်းနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ ကြကြောင်းသိရသည်။
ရေနံချောင်းမြို့နယ်၌ မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်
May 26,2021
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ချိုင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် မီးဘေးသင့် ပြည်သူများအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေး ပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။
မြောက်ဦးမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ၂၄ နာရီအသင့် အနေအထား ဆောင်ရွက်ထားရှိ
May 26,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊မြောက်ဦးမြို့၌ မိုးတွင်းရာသီသို့ရောက်ရှိလာပြီဖြစ်၍ မြို့နယ် အတွင်းရှိ ပြည်သူများ၏ အသက်၊ အိုးအိမ်စည်းစိမ်များ သေကြေပျက်စီးဆုံးရှုံးမှု မရှိစေရေး အတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်မီးသတ် ဦးစီးဌာန အနေဖြင့် ၂၀၂၁ ခုနှစ်၊ မေလအတွင်းမှစတင်ကာ ၂၄ နာရီအချိန်ပြည့် လူအပြည့်၊ ယာဉ်၊ ဆီနှင့် ရှာဖွေ ကယ်ဆယ်ရေးပစ္စည်းများအား အသင့်အနေအထားဆောင်ရွက်ထားရှိနိုင်ရန်အတွက် မြို့နယ်မီးသတ်စခန်းရုံးရှေ့ကွင်းပြင်၌ ယမန်နေ့ နံနက် ၈ နာရီက ကြိုတင်ပြင်ဆင်ဇာတ်တိုက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ ၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်း (၈၇၀၀)ထုတ်ချေးပေးသွားမည်
May 26,2021
စီးမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ နိုင်ငံအဝန်းရှိ တောင်သူလယ်သမားဦးကြီးများအား စိုက်ပျိုးစရိတ်ချေးငွေများကို ဘဏ်စတင်တည်ထောင်သည့် ၁၉၅၃ ခုနှစ်မှစတင်ပြီး နှစ်စဉ်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊  (Community Centre) ခန်းမတွင် ပန်းလိုချင်အပင်ပျိုးတတ်မှ စာအုပ်အား စာဖတ်ဝိုင်းကျင်းပ
May 26,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သည် စာပေချစ်မြတ်နိုးသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်၊ စာဖတ်သည့်အလေ့အကျင့်မှ အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် အသိဉာဏ်ပညာ တိုးတက်မြင့်မားလာပြီး အကောင်း၊ အဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးတတ်စေရန်၊ စာပေမှရရှိသော  အသိအမြင်ဗဟုသုတများ    ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်(၁၁:၀၀)နာရီက ဒဂုံမြို့သစ်(အရှေ့ပိုင်း)ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ   ပြုလုပ်ခဲ့သည်။
ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ နေ့အလိုက်ပုံမှန်ထုတ်ပေး
May 26,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား မေလ ၂၁ ရက်မှစတင်၍ ပင်စင်လစာငွေများကို နေ့အလိုက်ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၈)နှစ် ပြည့်ပြီးသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကျေးရွာနေပြည်သူများထံသို့ သွားရောက်ဆောင်ရွက်လျက်ရှိ
May 26,2021

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ (ပန်းခင်း) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို မေလဆန်းမှ စတင်၍ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့ နံနက်ပိုင်းက ရှမ်းတဲကြီးကျေးရွာ အုပ်စု ဓမ္မာရုံတွင် ပန်းခင်းစီမံချက်ဖြင့် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်းအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ကျေးရွာနေ ပြည်သူများထံသို့ တာဝန်ရှိသူများက သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မုဒုံမြို့နယ်တွင်၂၀၂၁ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲကျင်းပ
May 26,2021
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ အားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန် ပြည်သူများ အားကစားကို လေ့လာလိုက်စားစေခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှု ရှိစေရန်၊ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြို့နယ် အား/ကာကော်မတီမှ ကြီးမှူးပြီး နွေရာသီအခြေခံအားကစားသင်တန်း၊ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မုဒုံမြို့နယ်မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပသည်။