လမိုင်းမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင်လှစ်

လမိုင်း ဇွန် ၁ မော်လမြိုင်ခရိုင် လမိုင်းမြို့တွင် ယနေ့နံနက်ပိုင်းမှ အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ်၍ ကျောင်းများတွင် ကျောင်းသား ကျောင်းသူများ လာရောက်ပညာသင်ယူ လျက်ရှိသည်။ လမိုင်းမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း (၄၀၈) ကျောင်းရှိပြီး ကျောင်းသို့ လာရောက်ပညာသင်ယူနေကြသော ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းအတွင်း၌ လက်ဆေး ဘေစင်များ ထားရှိပေးခြင်း၊ စာသင်ခန်းအတွင်း တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာဖြင့်ထားရှိပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား အပူချိန်တိုင်းတာပေးခြင်းများကို တာဝန်ကျ၊ ဆရာ၊ ဆရာမ များက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ လမိုင်း (ပြန်ဆက်)