ပဲခူးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား (၄)ခရိုင်၊ အသက်(၂၅)နှစ်အောက် အမျိုး သမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူး ဇွန် ၂၉

ပဲခူးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား (၄)ခရိုင်၊ အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ပဲခူးမြို့ ဟံသာဝတီ ယူနိုက်တက် အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးခရိုင်အသင်းနှင့် သာယာဝတီခရိုင် အသင်းတို့ယှဉ်ပြိုင် ကစားကြရာ ပဲခူးခရိုင်အသင်းက (၄:၃)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။ အဆိုပါဆုချီးမြှင့်ခြင်း အခမ်းအနား ပြုလုပ်ရာတွင် ဒုတိယရရှိသော အသင်းအား တစ်ဦးခြင်းဆုတံဆိပ်၊ ဆုဖလားနှင့်ငွေသားဆု ကျပ်(၁၀)သိန်းကို တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၃)က လည်းကောင်း၊ ဂိုးသမားနောက်တန်း၊ အလယ်တန်း၊ အရှေ့တန်း၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးဆု ရရှိသူများအား တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)မှ လည်းကောင်း ဆုများပေးအပ်ကြသည်။

ထို့နောက် ပထမရရှိသော ပဲခူးခရိုင်အသင်းအား တစ်ဉီးချင်း ဆုတံဆိပ်များကို တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁)မှ ဆုများချီးမြှင့်ပြီး ဗိုလ်စွဲသွားသောပဲခူး ခရိုင်အသင်းအား ပထမဆု ဖလားနှင့် ငွေသားဆုကျပ်(၁၅)သိန်းကို တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ဆုများ ချီးမြှင့်ပြီး ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရှိရ သည်။

မျိုးငြိမ်း