ဂန့်ဂေါ ဇွန် ၂၉
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်ရှိ မြစ်သာခန်းမလမ်းအား ကတ္တရာ ထပ်ပိုး လွှာခင်းခြင်း လုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လမ်းမှာ အရှည်(၂၃၆၉)ပေ၊ လမ်းအကျယ်(၁၂)ပေရှိ လမ်းကို ထု(၃)လက်မရှိ ကတ္တရာ ထပ်ပိုး လွှာခင်းခြင်းဖြစ်ပြီး ဂန့်ဂေါမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ်(၃၀၄၉၀၀၀၀/-)တိတိဖြင့် ဇွန်လ(၇)ရက်မှစတင်ကာ ဆောင်ရွက် နေခြင်းဖြစ်ပြီး ဇူလိုင်လ(၁၅)ရက်နေ့တွင် လုပ်ငန်းများဆောင်ရွက်ပြီးစီးမည်ဖြစ်သည်။
ကျောတိုက်ရပ်ကွက်ရှိ မြစ်သာခန်းမလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးဉာဏ်ဦး၊ တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ကျော်အောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်စစ်ဆေး ဆောင်ရွက် ခဲ့ကြပြီး လုပ်ငန်းပြီးစီးမှုပမာဏမှာ(၄၀)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မောင်မျိုးမင်း(ယော)