သုံးခွမြို့နယ်တွင် ပြည်သူ့စကားဝိုင်း (ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19)ကျင်းပမည်
Feb 27,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူ့စကားဝိုင်း (ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19)ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ဖေဖော်ဝါရီ ၂၈ရက် နေ့လယ် ၁၁နာရီခွဲ အချိန်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။