ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ် ပထမအကြိမ် ထိုးနှံပေး

 

ချောင်းဦး ဇူလိုင် ၆

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က စတင်ပြီး နိုင်ငံ၀န်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

မုံရွာမြို့ရှိ အမှတ်- ၇ စစ်မြေပြင်ဆေးတပ်ရင်းမှ ဗိုလ်ကြီးအောင်မိုးသူ နှင့် တပ်ဖွဲ့၀င်များ၊ ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံ၀န်ထမ်းများ စုပေါင်းပြီးထိုးနှံပေးခဲ့ရာ ချောင်းဦးမြို့နယ်အတွင်းရှိ နိုင်ငံ၀န်ထမ်း ၂၂၆  ဦး အား တတိယအသုတ် ပထမအကြိမ်အဖြစ် ထိုးနှံခဲ့ကြောင်း သိရသည်။

 

ချောင်းဦးမြို့တွင် နိုင်ငံ၀န်ထမ်းများ ဘုန်းတော်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များ၊ အသက် ၆၅ နှစ် အထက်သက်ကြီးအဖိုးအဖွားများအား ပထမအသုတ်အဖြစ် ၅၀၀ ဦး၊ ဒုတိယအသုတ်အဖြစ် ၅၀၀ ဦး၊ တတိယအသုတ်အဖြစ် ၂၂၆ ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ယခုအခါ ချောင်းဦးတစ်မြို့နယ်လုံး ၁၂၂၆ ဦး ထိုးနှံပေးခဲ့ပြီးကြောင်း သိရသည်။

 

ဆေးထိုးနှံပေးနိုင်ရန်အတွက် ချောင်းဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော် နှင့် အထွေ အထွေအုပ်ချုပ်ရေးဦးစီးဌာန၀န်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး၀င်းအောင် နှင့် တပ်ဖွဲ့၀င်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

၀င်းမြင့်အောင်