ပန်းတောင်းမြို့နယ် Facilities Quarantine Center တွင်ရှိသော သူများအား စိတ်အပန်းပြေ စေရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေး သရုပ်ဖော်ကပြ

ပန်းတောင်း ဇူလိုင် ၁၃
 
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် Facilities Quarantine Centre တွင်ရှိသော သူများအား စိတ်အပန်းပြေ စေရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေး အကများ ဖြင့် ယမန်နေ့ နံနက်ပိုင်းက ကပြခဲ့ကြောင်း သိရသည်။
 
ထိုသို့ကပြရာတွင် ပန်းတောင်းမြို့ပေါ်ရှိ ကြခတ်ရပ်ကွက်အတွင်း Facilities Quarantine Centre နှင့် ဝန်လိုရပ်ကွက် အားကစားခန်းမတွင် ထားရှိသူများ ကို စိတ်အပန်းပြေ စေရန်နှင့် စိတ်ခွန်အားတတ်ကြွစေရန် ရည်ရွယ်၍ ပန်းတောင်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ မှ ကိုဗစ်-၁၉ ကာကွယ်ရေး သရုပ်ဖော်အကများဖြင့် သရုပ်ပြ ဖျော်ဖြေကပြခဲ့ကြောင်း သိရသည်။