သတင်းများ

ဟိုပုံးမြို့နယ်တွင် မဲရုံများဆောင်ရွက်ထားရှိမည့် နေရာများနှင့် မဲဆန္ဒရှင်များစာရင်းများ ပြည့်စုံ မှန်ကန်မှုရှိစေရေး ကွင်းဆင်းစစ်ဆေး
Aug 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများဆောင်ရွက်ထားရှိမည့် နေရာများနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် ယနေ့နံနက် ၁၀ နာရီ အချိန်က စတင်၍ တိလုံကျေးရွာ အုပ်စုတွင် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်
Aug 21,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် စာရေးဆရာချစ်ဦးညို၏ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုစာမျက်နှာစာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်ထား သော ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
မော်လိုက်မြို့၌ လူရည်ချွန် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ
Aug 21,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၂၀၂၀ ပြည့်နှစ် လူရည်ချွန် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းက မော်လိုက်အခြေခံပညာ အထက်တန်း ကျောင်းရှိ စုံညီခန်းမ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပန်ဟိုက်ရပ်ကွက် (၆)ဘောလုံးကွင်းရှိ ယာယီပျံကျဈေးတွင် ရောင်းရေး/ဝယ်ရေး အခက်အခဲဖြစ်ပေါ်နေမှုအား အဆင်ပြေစေရေး ညှိနှိုင်းဆွေးနွေး ဆောင်ရွက်
Aug 21,2020
နမ္မတူမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပန်ဟိုက်ရပ်ကွက် (၆)ဘောလုံးကွင်းရှိ ယာယီပျံကျဈေးတွင် မိုးရေများဝင်ရောက်ကာ ရွှံ့နွံများဖြစ်ပေါ်လျက်ရှိပြီး ရောင်းရေး/ဝယ်ရေး အခက်အခဲဖြစ်ပေါ်နေမှုအား အဆင်ပြေစေရေး ယာယီပျံကျဈေးသည်များနှင့် တွေ့ဆုံကာ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခြင်းကို ယနေ့ နေ့လည် (၁၁)နာရီအချိန် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့တော်ခန်းမ၌ ဆောင်ရွက်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယာယီပျံကျဈေးတွင် ဈေးရောင်းချလျက်ရှိသော ဈေးသူ/ဈေးသား (၁၁၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မင်းကင်းမြို့နယ်တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် (၂ ပေ) ခန့်လိုတော့သည်ဖြစ်၍ လိုက်လံနှိုးဆော်
Aug 21,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်သဖြင့် ယမန်နေ့မွန်းလွဲပိုင်းက မြစ်ကမ်းနံဘေးရှိကျေးရွာများသို့ သတိပေးချက် နှိုးဆော်ခြင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဘုတလင်မြို့တွင် နိုင်ငံတော်ဗဟိုအဆင့် လူရည်ချွန်ဆုရ ကျောင်းသားအား ဂုဏ်ပြု ကြိုဆို
Aug 21,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၁၉-၂၀၂၀ပညာ သင်နှစ်၊ နိုင်ငံတော်ဗဟိုအဆင့် လူရည်ချွန်ဆုရ ဒဿမတန်းကျောင်းသား မောင်မင်းစည်သူခန့်အား ဂုဏ်ပြု ကြိုဆိုပွဲကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
တာမွေမြို့နယ်တွင် ဘာသာရေးဆိုင်ရာ အခမ်းအနားများကျင်းပရာ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး
Aug 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ဘာသာရေးဆိုင်ရာ အခမ်းအနားများ ကျင်းပရာ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် ယမန်နေ့ ညနေပိုင်းအချိန်က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီဝင်များက မြို့နယ်အတွင်းရှိ ဘာသာရေး အဆောက်အဦများ တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များနှင့်အညီ တိကျစွာလိုက်နာ ပြင်ဆင်ဆောင်ရွက်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
သာကေတမြို့နယ်တွင် ကလေးသူငယ်များ၏ အခွင့်အရေးကို ကာကွယ်ပေးနိုင်ရန်အတွက် ကလေးသူငယ် အခွင့်အရေး များ ဆိုင်ရာကော်မတီအစည်းအဝေးကျင်းပ
Aug 21,2020
ကလေးသူငယ်များ၏ အခွင့်အရေးကို ကာကွယ်ပေးနိုင်ရန်၊ ကလေးသူငယ်များ၏ဘဝကို မြှင့်တင်ပေးနိုင်ရန်နှင့် ကျန်းမာ ရေး စောင့်ရှောက်မှုများပေးနိုင်ရန်ရည်ရွယ်၍ ရန်ကုန်အရှေ့ပိုင်းခရိုင် သာကေတမြို့နယ်၊ အထွေထွေ အုပ်ချုပ် ရေးမှူး ရုံးတွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက ကျင်းပ ခဲ့သည်။