သတင်းများ

လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအတွက် ပိုးသတ် ဆေးဖြန်းခြင်းဆောင်ရွက်
Jul 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက် ကူညီလုပ်ဆောင်ပေးနေသည့် "ကရုဏာရှင်" အခမဲ့နာရေးကူညီမှုအသင်းက မြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ပိုးသတ်ဆေး ဖြန်းခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၁၄ ဦး ထပ်မံတွေ့ရှိ
Jul 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ဇူလိုင်လ ၁၃ ရက်နေ့က ကိုဗစ်- ၁၉ရော ဂါပိုးတွေ့အတည်ပြုလူနာ ၁၄ ဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်ကိုဗစ်- ၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီထံမှသိရသည်။
အမာမြို့၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရသူ (၂)ဦး​ ထပ်တိုးတွေ့ရှိ
Jul 14,2021
ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ မြို့မ(၁)ရပ်ကွက်နှင့် တယ်ပင်ဆိပ် ကျေးရွာတို့တွင် ယ​နေ့ နေ့လည်က ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်ခံရသူ(၂)ဦး ထပ်တိုးတွေ့ရှိကြောင်း အမာမြို့၊ ကျန်းမာရေး စောင့်ရှောက်မှု ကော်မတီထံမှ သိရသည်။
တကူ(စံပြ)တိုက်နယ်ဆေးရုံတွင် ဝမ်းနာရွာမှအမျိုးသမီးတစ်ဦး (COVID-19)ရောဂါပိုးစစ်ဆေးအတည်ပြုတွေ့ရှိ
Jul 14,2021
တနင်္သာရီတိုင်းဒေသကြီး ၊ တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု-တကူ(စံပြ)တိုက်နယ်ဆေးရုံ Fever Clinic တွင် ဇူလိုင်လ ၁၄ရက်နေ နံက်၉နာရီအချိန်က သာရဘွင်ကျေးရွာအုပ်စု၊ သာရဘွင်ကျေးရွာနှင့် တကူကျေးရွာအုပ်စု-ဝမ်းနာရွာမှ အမျိုးသမီး(နှစ်)ဦးက နှာစေးချောင်းဆိုး၍ဖျားနေသဖြင့်လာရောက်ပြသရာတိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန်ဒေါက်တာဖြိုးမြင့်ကြည်၏ ဦးဆောင်မှုဖြင့် (COVID-19) ရောဂါပိုးရှိ/မရှိ Covid-19 Antigen test ဖြင့် စစ်ဆေးရာ ဝမ်းနာကျေးရွာမှအသက်(၃၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင် ရောဂါပိုးအတည် ပြုတွေ့ရှိခဲ့သဖြင့် ၎င်းအမျိုးသမီးအား တကူတိုက်နယ် ဆေးရုံဝင်းအတွင်းရှိ ဇီဝိတသံဃာ့ဆေးရုံ (Facility Quarantine Center) အတွင်း (၁၄)ရက်အကြာသွားအလာကန့်သတ်ထားရှိ၍ နေ့စဉ်ကိုယ်အပူချိန်တိုင်းပေးခြင်း၊အောက်ဆီဂျင်တိုင်းခြင်းတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကွတ်ခိုင်မြို့၌Covid-19ရောဂါ ကာကွယ်ရေးအသိပညာပေး နှိုးဆော်မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့၌Covid-19ရောဂါ ကာကွယ်အသိပညာ ပေးနှိုးဆော်မှုများကို ယမန်နေ့ ညနေပိုင်းက မြို့အတွင်းလှည့်လည်ကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
မြစ်သားမြို့နယ်တွင် တိုင်းရင်းဆေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကျင်းပ
Jul 14,2021
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာ ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် တိုင်းရင်းဆေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
တောင်ငူ၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ နှာခေါင်းစည်းများ ဖြန့်ဝေခြင်းများ ဆောင်ရွက်
Jul 14,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ မြို့နယ် ကိုဗစ်- ၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရေး ရည်ရွယ်ကာ ယနေ့နံနက်ပိုင်းက နှာခေါင်းစည်း(Mask)များ ဖြန့်ဝေခြင်းကို ဘုရင့်နောင်ရုပ်ထုအနီးနှင့် သံတောင်လမ်း စုပေါင်းရုံးရှေ့၌ ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်၌(၉)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိ
Jul 14,2021
မတ္တရာမြို့နယ်၌ ကိုဗစ်-၁၉ သံသယလူနာ ၃၂ ဦးအား ယနေ့နံနက် ၉ နာရီက မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံတွင် စစ်ဆေးခဲ့ရာ အမျိုးသမီး ၁ ဦး၊ အမျိုးသား ၈ ဦး စုစုပေါင်း (၉)ဦးတို့တွင် ရောဂါ ပိုးတွေ့ရှိခဲ့သည်။