ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ(၃၇)ဦးထပ်မံတွေ့ရှိ
Jul 14,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ သီရိသာသနာ့ဗိမာန်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးသံသယရှိသူများ၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက်ဆံခဲ့သူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် ယနေ့ နံနက် ၉ နာရီခွဲ အချိန်က စစ်ဆေးခြင်းကို ကျောက်ဆည်ခရိုင် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်တို့ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။