သတင်းများ

မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 21,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)  “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်း မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေး အတွက် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ရာ ခရိုင်၊မြို့နယ် ကော်မရှင် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
မှုခင်းကျဆင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 21,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်း မြို့နယ် အခြေခံပညာ အထက်တန်း ကျောင်း၌  ယမန်နေ့ နံနက်(၁၀:၃၀)အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး မူးခင်းကျဆင်းရေး၊ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးနှင့် မူးယစ်ဆေးဝါးအသိပညာပေးကွင်းဆင်းဟောပြောပွဲ အခမ်းအနားကို ကျင်းပပြု လုပ်ခဲ့သည်။
ဖားဆောင်းမြို့တွင် ပြည်သူများ မဖြစ်မနေ Mask တပ်ဆင်ခြင်း ရှိ/ မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေး
Aug 21,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုမဖြစ်ပေါ်စေရေး ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း များကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉) နာရီခွဲအချိန်က ဖားဆောင်း မြို့ဝင်/ ထွက် စုပေါင်းဂိတ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ခြင်း ရှိ/ မရှိ ရှောင်တခင် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။
ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ လိုက်လံနှိုးဆော်
Aug 21,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ဒိုးပရယ်ကျေးရွာအုပ်စု လောထောတနောကျေးရွာ၊ ဒိုးပရယ်ကျေးရွာ၊ ဝယ်သူတော် ကျေးရွာနှင့် ထီးဒူးခူကျေးရွာတို့တွင် အသိပညာပေးလုပ်ငန်း အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
လွိုင်ကော်မြို့၌ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံလိုအပ်သည့် အချက်များအား အသိပညာပေးရှင်းလင်းဆွေးနွေး
Aug 21,2020
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံလိုအပ်သည့် အချက်များအား အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ်၊ နောင်ယား (က) ရပ်ကွက်ရှိ GOLD Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။
သန်လျင်၌ အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Aug 21,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (သန်လျင်) လူထုအခြေပြုဗဟို ဌာန(Community Centre)၌ ယနေ့ နံနက်(၁၀)နာရီတွင် စာရေးဆရာဖေမြင့် ရေးသားသော “အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက် ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် တောင်ပိုင်းခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်လှပိုမိုက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များ စာဖတ်သူများတစ်ဦးနှင့် တစ်ဦး မျှဝေခြင်းဖြင့် အသိပညာများ ဖလှယ်ပေးခြင်း၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသည့်အတိုင်း အနာဂတ်နိုင်ငံ့တာဝန်ထမ်းဆောင်မည့် လူငယ်များ စာများများဖတ်ခြင်းဖြင့် အသိပညာ များ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ပြုလုပ်နေခြင်းဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။
လှိုင်သာယာမြို့နယ်တွင် ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်လျက်ရှိ
Aug 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၌ မိုးရာသီတွင် ဖြစ်ပေါ်တတ်သော ရေမြောင်းများ ပိတ်ဆို့မှု ကင်းဝေးစေပြီး ရေစီးရေလာကောင်းမွန်စေရေးအတွက် ညောင်ကျေးရွာနှင့် ရွှေလင်ပန်းကျေးရွာအုပ်စု ကျန်စစ်သားလမ်း မဘေးရှိ မြောင်းများအတွင်း ပိတ်ဆို့နေ သော အမှိုက်များအား ယမန်နေ့ နံနက်(၉)နာရီအချိန်က ရှင်းလင်း ဆောင်ရွက်ခဲ့ သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း အိမ်ထောင်စု(၆၇၈၄၆)စုအား ကျပ်နှစ်သောင်းစီ စတုတ္ထအကြိမ် ထပ်မံထောက်ပံ့
Aug 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်း ရပ်ကွက်(၉) ရပ်ကွက်နှင့် ကျေးရွာ(၅) ရှိရာ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား စတုတ္ထအကြိမ်အဖြစ် ငွေကျပ်နှစ်သောင်းစီ ထပ်မံထောက်ပံ့ခြင်း ကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အဆိုပါ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အခြေခံလူတန်းစား အိမ်ထောင်စုများကို ပေးအပ်ခဲ့သည်။