လင်းခေး ဇူလိုင် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် ကူးစက်မြန်ကိုဗစ်-19ရောဂါ ကြိုတင်ကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ကိုဗစ်-19 ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတို့က ကွင်းဆင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
အဆိုပါဆေးဖျန်းခြင်းလုပ်ငန်းကို လင်းခေးမြို့၊တောင်ရွာရပ်ကွက်၊ စည်ပင်သာယာယာ ယီကုန်စိမ်းဈေးတွင် ယနေ့ နေ့လည်က လည်းကောင်း၊ ယမန်နေ့(၁၃-၇-၂၀၂၁) ရက်နေ့ က စည်ပင်သာယာမြို့မဈေးတွင်လည်းကောင်း၊ လင်းခေးမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲဝင်များ၊ မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများက ပက်ဖျန်းပေးခဲ့ကြ ကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)