Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၃ ဦး ထပ်မံတွေ့ရှိ ပြီး ရောဂါပိုးတွေ့ရှိသူပေါင်း (၃၀၀)ဦးရှိ
Jul 20,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့ အစည်း များ၊ Volunteer အဖွဲ့များ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ သံသယ ဖြစ်သူများအား RDT (Test Kit)ဖြင့် စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၃ ဦး ထပ်မံတွေ့ရှိ ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပိုးတွေ့လူနာများအား စောင့်ရှောက်မှု ပေးနေသည့်ကျန်းမာရေးဝန်ထမ်းများအတွက် အဟာရဖြည့်စွက်စာများ ထောက်ပံ့ လှူဒါန်း
Jul 20,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီမှ မြို့နယ်ပြည်သူ့ဆေးရုံ ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာတွင် ကျန်းမာရေးစောင့်ရှောက ်မှုပေးနေသည့်၊ ကျန်းမာရေးဝန်ထမ်းများအား ယနေ့နံနက်(၉:၃၀)နာရီက အဟာရပြည့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်မြီးဆွဲမြို့၌ ယာယီကုသရေးစင်တာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 20,2021
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်၊ဆင်မြီးဆွဲမြို့ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယမန်နေ့က ယာယီကုသရေးစင်တာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့နယ် နှီးပဒေါကျေးရွာနှင့် ရောင်းဒေါင်းကျေးရွာကြား မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီး ရေကျော်မှုဖြစ်ပွား
Jul 20,2021
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် နှီးပဒေါကျေးရွာနှင့် ရောင်းဒေါင်းကျေးရွာကြား မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီး မိုင်တိုင်အမှတ် (၃၄/၁) နှင့် (၃၄/၂)ကြားတွင် ယနေ့ နံနက်ပိုင်းက ကားလမ်းရေကျော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်
Jul 20,2021
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ယနေ့နံနက် ၇နာရီခွဲအချိန်က ကျောက်ဆည်တပ်နယ် အမှတ်(၂)အင်အားဖြည့်တင်းရေးနှင့် ပြန်လည်နေရာချထားရေးတပ်မှ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာများကိုပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေး အတွက် မြို့နယ်အတွင်း ကူးစက်ပြန့်နှံ့မှုမရှိစေရန် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Maskများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်
Jul 20,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံမှ ကိုဗစ်-၁၉ ရောဂါ ကုသရေးတွင် ရှေ့တန်းမှ ဆောင်ရွက်နေကျသော ကျန်းမာရေးဝန်ထမ်းများအား WE Love Letpadan အဖွဲ့မှ ယမန်နေ့ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမှတ်(၁) စစ်ဗျူဟာမှူးနှင့် မြိတ်မြို့မှ အလှူရှင်မိသားစုတို့က တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံတွင် အသုံးပြုရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအထောက်အကူပြုပစ္စည်းများ၊ စားသောက်ကုန်နှင့် အလှူငွေများ ပေးအပ်လှူဒါန်း
Jul 20,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံတွင် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက် လျက်ရှိ၍ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် အခြား အရေးပေါ်လုပ်ငန်း များတွင် အသုံးပြုနိုင်ရန်အတွက် တနင်္သာရီမြို့နယ်၊ တမုတ်ချုန်းကျေးရွာ အုပ်စု၊ ရေဖြူ ကျေးရွာအခြေစိုက် အမှတ်(၁)စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး လှမော်ဦးနှင့်အဖွဲ့၊ မြိတ်မြို့နေ ရတနာ မိုးပြည့်ထွန်းကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ကျော်မြင့်+ ဒေါ်အိအိလင်း မိသားစုတို့က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် စားသောက် ကုန်နှင့် အလှူငွေများပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ အချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေး ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် အနံ့ပျောက်သူများအား RDT test ဖြင့် စစ်ဆေးရာ (၅၀) ဦးတွင် positive အဖြေထွက်ရှိ
Jul 20,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၌ ဇူလိုင် ၁၉ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၅၀)ဦး တွေ့ရှိပြီး သုံးဦးသေဆုံးကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27647
Page
27648
Page
27649
Page
27650
Current page
27651
Page
27652
Page
27653
Page
27654
Page
27655
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department