သတင်းများ

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)တွင် တပ်ဆင်ထားရှိသော Oxygen Plant (Oxymet)မှ အောက်ဆီဂျင်များဖြည့်သွင်းပြီး ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် လူမှုရေးအဖွဲ့အစည်းများသို့ ပေးပို့လှူဒါန်း
Jul 19,2021
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိပြီး တပ်မတော် အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ကာ ပြည်သူ့ ဆေးရုံများနှင့် ကိုဗစ်ကုသရေး စင်တာများသို့ ပို့ဆောင်ဖြန့်ဝေလှူဒါန်းလျက်ရှိသည်။
မာန်အောင်၌ ယနေ့ညနေက ပိုးတွေ့အတည်ပြုလူနာတစ်ဦးထပ်တိုး ကိုဗစ်ပိုးတွေ့ သူစုစုပေါင်း ၁၆ ဦးထိရှိလာ
Jul 19,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့၌ ယနေ့ညနေက ကိုဗစ်-၁၉ရောဂါပိုးတွေ့ ရှိသူတစ်ဦးထပ်တိုးကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။
ဝါးခယ်မမြို့တွင် နှာခေါင်းစည်း(Mask)များ တပ်ဆင်ရေး လှုပ်ရှားမှုဆောင်ရွက်
Jul 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြန့်နှံ့မှုမရှိစေရန် ရည်ရွယ်၍ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်၈နာရီအချိန်က ဝါးခယ်မမြို့၊ ရေကျော် ရပ်ကွက်၊ မြူရုံးလမ်းတစ်လျှောက်နှင့်ရွာလယ်ရပ်ကွက်၊ မြို့ပါတ်လမ်း စသည့် လူအသွားအလာများပြားသည့် နေရာများတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခမောက်ကြီးမြို့ တွင် ကိုဗစ်-၁၉ Positive လူနာများထားရှိရန် လူ(၅၀)ဦးဆန့် Facility Quarantine Centre ကြိုတင် ပြင်ဆင်ထားရှိ
Jul 19,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကိုဗစ်-၁၉ Positive လူနာများထားရှိရန် လူ(၅၀)ဦးဆန့် Facility Quarantine Centre တစ်ခု ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်းသိရသည်။
မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)တွင် အောက်စီဂျင်ဗူးများလှူဒါန်း
Jul 19,2021
မူဆယ် ဇူလိုင် ၁၉ ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင်၊မူဆယ်မြို့နယ် ၊ပန်ဆိုင်း (ကြူကုတ်) မြို့တွင်ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးတွင် အသုံးပြုရန် ပြည်သူ့စစ်တပ်ဖွဲ့ နှင့် WANDING- YINGYI FIRM Co;LTDတို့မှ အောက်စီဂျင် ( 40 )လီတာ ၂၀ အိုး (O 2ဖြည့်ပြီး)၊Mask ( 2000 )ခုပါ၅ပုံး၊ PPE ဝတ်စုံ- ၂၀ ထည်ကို ပန်ဆိုင်း(ကြူကုတ်)မြို့ ပြည်သူ့ဆေးရုံ မှ တာဝန်ရှိသူများ လက်ဝယ် ထံသွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်းသိရပါသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆောတွင် အသိပညာပေးနှိုးဆော်
Jul 19,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်နှင့် ကူးစက်ပျံ့နှံ့မှုများမရှိစေရန်အတွက် ကြိုတင် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဇူလိုင် ၁၈ ရက် ညနေ ၅ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုဗစ် - ၁၉ ရောဂါပိုးရှိ သံဃာတော်၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များထားရှိ ရန် ပြင်ဆင်ဆောင်ရွက်နေသည့် စင်တာများနှင့်ပြည်သူများ၏လက်ဝယ် အရောက် အောက်ဆီဂျင်ဖြန့်ဖြူးပေးဝေနေမှုများကို ကြည့်ရူစစ်ဆေး
Jul 19,2021
ကိုဗစ် - ၁၉ ရောဂါပိုးရှိ သံဃာတော်၊ သီလရှင်များနှင့်လူပုဂ္ဂိုလ်များထားရှိရန် ပြင်ဆင်ဆောင်ရွက်နေသည့် စင်တာများနှင့် အောက်ဆီဂျင်စက်ရုံများမှ အောက်ဆီဂျင်များကိုပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဖြူးပေးဝေနေမှု များကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရူစစ်ဆေးသည်။
ပေါက်တောမြို့ မြို့မဈေးကြီးဝင်လမ်းနှင့်ဈေးပတ် လမ်း၌ ကိုဗစ်-၁၉ရောဂါ ပိုးသတ်ဆေးဖျန်း
Jul 19,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ မြို့မဈေးကြီးအဝင်လမ်းများနှင့် ဈေးပတ် လမ်းတို့ကို ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်စေရန် ပိုးသတ်ဆေးများဖျန်းပေးခြင်းကို ယနေ့ညနေ(၅)နာရီက ပြုလုပ်ဆောင်ရွက် ကြသည်။