မုဒုံ ဇူလိုင် ၂၀
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် နှီးပဒေါကျေးရွာနှင့် ရောင်းဒေါင်းကျေးရွာကြား မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီး မိုင်တိုင်အမှတ် (၃၄/၁) နှင့် (၃၄/၂)ကြားတွင် ယနေ့ နံနက်ပိုင်းက ကားလမ်းရေကျော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကားလမ်းမကြီးနေရာသည် နှစ်စဉ်မိုးရာသီတွင် ကားလမ်းရေကျော်မှု ဖြစ် ပွားလေ့ရှိရာ ယနေ့ နံနက်ပိုင်းအချိန်တွင် ကားလမ်းမကြီးပေါ်သို့ တစ်ပေ ခွဲခန့် လမ်းရေကျော်မှုဖြစ်ပွားပြီး လမ်းသွားလမ်းလာပြည်သူများ ဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရေးအတွက် မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး စောစိုးစိုးမြင့်နှင့် မီးသတ်တပ်ဖွဲ့ဝင်(၄)ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် များ၊ ကျေးရွာအုပ်ချုပ်ရေး မှူးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာနေ ပြည်သူများက ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့ မုဒုံမြို့နယ်တွင် မိုးရေချိန်လက်မ ၄.၀၉ ရှိကြောင်း မုဒုံမြို့နယ် မိုးလေဝသနှင့် ဇလဗေဒစခန်းမှ သိရှိရသည်။
အောင်မျိုးသူ