သတင်းများ

ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၃ ဦး ထပ်မံ တွေ့ရှိ စုစုပေါင်း အတည်ပြု လူနာ ၁၇၀ ဦးရှိပြီဖြစ်
Jul 20,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်း မြို့နယ်၌ ဇူလိုင် ၂၀ ရက်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (PCR -Result- ၉ ဦး အပါအဝင်) စုစုပေါင်း ၁၃ ဦး ထပ်မံတွေ့ ရှိကြောင်း မြို့နယ် ပြည်သူ့ဆေးရုံမှ သိရသည်။
မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာသစ်(၆၀)ဦး ထပ်မံတွေ့ရှိပြီး ပိုးတွေ့ရှိသူ(၄၈၀)ဦးထိ ရှိလာ
Jul 20,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ယမန်နေ့ ညနေပိုင်း ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများနှင့် ထိစပ်သူ (၂၅၀)ဦးတို့အား RDT Test ဖြင့် စစ်ဆေးခဲ့ ရာ (၆၀)ဦးတွင် ကိုဗစ်-၁၉ ရောဂါ (Positive)ပိုးတွေ့ ရှိခဲ့သည်။
ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါ သံသယရှိသူ ၆၅ ဦး စစ်ဆေးရာမှာ ၁၀ ဦး ရောဂါပိုးတွေ့ရှိ
Jul 20,2021
ချင်းပြည်နယ်၊ ထန်တလန်မြို့၊ အမှတ်(၂)ရပ်ကွက်၊ TBC ဘုရားကျောင်း၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်‌ရေးကော်မတီ၊ ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ သံသယ ရှိသူ(၆၅)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၁၀)ဦးထံမှ ရောဂါပိုး တွေ့ရှိရ‌ကြောင်း သိရသည်။
မိုင်းယောင်းတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ထောက်ပံ့ငွေနှင့် ပစ္စည်းများလှူဒါန်း
Jul 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အလှူရှင်များက မြို့နယ် ကြက်ခြေနီ အသင်းသို့ ယမန်နေ့တွင် လာရောက်လှူဒါန်းကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦး ထံမှ သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် အောက်ဆီဂျင် အခမဲ့ဖြန့်ဝေပေးနိုင်ရေး အလတ်စားအောက်ဆီဂျင်စက်ရုံ တည်ဆောက်သွားမည်
Jul 20,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုမြင့်မားနေ သည့် ကာလအတွင်း အောက်ဆီဂျင် လိုအပ်နေသော လူနာများအား အောက်ဆီဂျင် အခမဲ့ဖြန့်ဝေပေး နိုင်ရန်အတွက် စိတ္တသုခ လူမှုကူညီရေးအသင်းမှ ကျပ်သိန်းတစ်ရာ့ငါးဆယ် မတည်၍ အောက်ဆီဂျင် စက်ရုံ အလတ်စား တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်း Quarantine Center များသွားရောက်ကြည့်ရှုအားပေး
Jul 20,2021
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းက စစ်တွေတက္ကသိုလ် (အဟောင်း) Quarantine Center တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။
ဆွမ်ပရာဘွမ်မြို့နယ်၌ ကျန်းမာရေးစစ်ဆေးရေးဂိတ်ပြန်လည်ထားရှိပြီး ယာဉ်ဖြတ်သန်း သွားလာချိန်ကန့်သတ်ခြင်းနှင့် Mask Campaign ဆောင်ရွက်
Jul 20,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို မြစ်ကြီးနား - ဆွမ်ပရာဘွမ်- ပူတာအိုကားလမ်း ဆွမ်ပရာဘွမ်မြို့အဝင် ချစ်သူတံတားအနီးတွင် ဇူလိုင် ၂၀ ရက်နေ့ နံနက် ၇ နာရီ ၃၀ အချိန်မှစ၍ ကျန်းမာရေးစစ်ဆေးရေးဂိတ်ပြန် လည်စတင်ဖွင့်ခဲ့သည်။
ဟိုပုံးမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး စစ်ဆေးရေးဂိတ်တွင် တာဝန်ပေးအပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jul 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် (Covid-19) ရောဂါ ကာကွယ်တားဆီးရေး စစ်ဆေးရေးဂိတ်တွင် တာဝန်ပေးအပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။