ငဖဲမြို့နယ်တွင် အောက်စီဂျင်စက် ဝယ်ယူနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 31,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာများနှင့် အရေးကြီး လူနာများ အောက်စီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် အောက်စီဂျက်စက်ဝယ်ယူ တပ်ဆင်နိုင်ရေးညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်း အဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။