စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်(၃)နာရီက မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာမုံရွာခရိုင်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့်အဖွဲ့ဝင်များ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မုံရွာခရိုင်အဆင့် (COVID-19)ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးက ခရိုင်အတွင်းရှိ မြို့နယ်များတွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို မိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ရန်နှင့်စပ်လျဥ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သတ်မှတ်ချက်(၁၂)ချက်နှင့်အညီ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဦးစားပေးထိုးနှံပေးရမည်ဖြစ်သောကြောင့် အားလုံးပူးပေါင်းပြီး စနစ်တကျရှိစေရေး အလေးထားဆောင်ရွက်ကြ စေကြောင်း တိုက်တွန်းအမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် လူမှုရေးအသင်းအဖွဲ့အစည်းများမှတာဝန်ရှိသူများက သက်ဆိုင်ရာမြို့နယ်များအလိုက် ဆက်လက်လုပ်ဆောင်သွားမည့် အစီအစဉ်များအား ရှင်းလင်း ဆွေးနွေးတင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးက လိုအပ်ချက်များအား ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
မုံရွာခရိုင်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဖြန့်ဝေပေးထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၃၀၀၀) လုံးရရှိပြီဖြစ်၍ ဆေးတစ်လုံးလျှင် (၂) ဦးထိုးပေးနိုင်မှာဖြစ်သောကြောင့် မုံရွာမြို့နယ်အတွက် အသက်(၆၅) နှစ်နှင့်အထက် မိဘပြည်သူ(၃၀၀၀)ဦးအား လည်းကောင်း၊ ဘုတလင်မြို့နယ်၊အရာတော်မြို့နယ်နှင့် ချောင်းဦးမြို့နယ် တို့အတွက် အသက်(၆၅)နှစ်နှင့် အထက်မိဘပြည်သူ (၁၀၀၀)ဦးစီတို့အားလည်းကောင်း စုစုပေါင်း(၆၀၀၀) ဦးအား မုံရွာခရိုင်/မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီတို့မှ အနီးကပ် ကြီးကြပ်၍ သက်ဆိုင်ရာခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်းပါဝင်သော အဖွဲ့များက စာရင်းများကောက်ယူပြီး သက်ဆိုင်ရာမြို့နယ်များရှိ သတ်မှတ်နေရာများတွင် သြဂုတ်လ(၂)ရက်နေ့မှ စတင်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးသွာမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)