သတင်းများ

ကျောင်းကုန်းမြို့တွင် အသက်(၆၅)နှစ်အထက်ဘိုးဘွားများ၊ Volunteer များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Jul 31,2021
 ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် ချောင်ကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကာလိမြို့၌ အသက်(၆၅)နှစ် နှင့်အထက် ဘိုးဘွားများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Jul 31,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ပေါ်(၆)ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  ယနေ့ နံနက်(၉)နာရီအချိန်ခန့်တွင် အမှတ်(၁)ရပ်ကွက်တွင်ရှိသည့် နမ့်ခုံးရှမ်းများပရဟိတခန်းမ၌ ကျန်းမာရေးဝန်ထမ်းများတို့က အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင်  အသက်  ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုအား ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ လာရောက်ကြည့်ရှုအားပေး
Jul 31,2021
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင်             အသက်  ၆၅ နှစ်နှင့် အထက် သက်ကြီးရွယ်အိုများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီမှစတင်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမနှင့် ဓနုမြေဘိုးဘွားရိပ်သာ တို့တွင် ပြုလုပ်ခဲ့သည်။
တုံတာမြို့တွင် အသက် ၁၈နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေးများ  ထိုးနှံ
Jul 31,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက်၁၈နှစ်နှင့်အထက်ပြည်သူများနှင့်  ကိုဗစ်-၁၉ကာ ကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသော ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများကို ယနေ့နံနက်၉နာရီအချိန်မှစတင်၍တုံတာမြို့တိုက်နယ်ဆေးရုံတွင် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) ကို ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက  မြစ်ကြီးနားမြို့၌ တပ်မတော်လေယာဉ်ဖြင့် လာရောက်ပို့ဆောင်သော ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရောက်ရှိမှုကို ကြည့်ရှုစစ်ဆေး
Jul 31,2021
ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm များကို ယမန်နေ့ မွန်းလွဲ ၂ နာရီ တွင် တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားနန်ပေါင်လေဆိပ်သို့ ရောက်ရှိခဲ့ ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံနေမှုအားကြည့်ရှုအားပေး
Jul 31,2021
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်း ၊ အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင် ၊ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခွန်ရဲထွေးနှင့်တာဝန်ရှိသူများသည် ဇူလိုင်(၃၀)ရက်နံနက် (၉)နာရီက ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ဒေသဦးစီးအဖွဲ့ရုံးခန်းမ၌ (၆၅)နှစ် အထက်အဘိုး၊အဘွားများ ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေးကြပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ Mask(၁)သောင်းကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဒေါက်တာ ကျော်ထွန်းနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်နီလင်းအောင်တို့မှ ပေးအပ်လှူဒါန်း ပေးရာ တာဝန်ရှိသူများကလက်ခံရယူကြကြောင်းသိ ရသည်။
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၆၁) ဦးအား နွေးထွေးစွာကြိုဆိုလက်ခံ
Jul 31,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတား(၂)တွင် ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန် ပြည်သူ(၆၁)ဦးကို ယနေ့နံနက် (၁၀)နာရီအချိန်က တာချီလိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ကြောင်းသိရသည်။