ကျောင်းကုန်းမြို့တွင် အသက်(၆၅)နှစ်အထက်ဘိုးဘွားများ၊ Volunteer များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ကျောင်းကုန်း   ဇူလိုင်   ၃၁


 ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် ချောင်ကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထို့နောက် ချောင်ကြီးကျေးရွာ ကာကွယ်ဆေးထိုးစုရပ်တွင် ယမန်နေ့က အသက်(၆၅)နှစ်အထက် ဘိုးဘွား(၁၀၀)ဦးအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ယနေ့တွင်လည်း ဒုတိယ နေ့အဖြစ်ဘိုးဘွား (၁၀၀)ဦးအား ဆက်လက် ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ ထို့အတူ အမှတ်()အခြေခံပညာ အထက်တန်းကျောင်း တွင် Volunteer အဖွဲ့များ ဖြစ်သည့် အောက်ဆီဂျင်ရှာဖွေပေးသောအဖွဲ့များ၊ ပုဂ္ဂလိက ဆေးခန်းများ၊ ဂရုဏာလူမှု ကူညီရေး အဖွဲ့ဝင်များ ၊မီးသင်္ဂြိုလ်စက်လုပ်ကိုင်သူများ၊ ပြည်သူ့ဆေးရုံရှိ အမျိုးသမီး ကျန်းမာရေး မြှင့်တင်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။

ကျောင်းကုန်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို သေဆုံးမှုလျော့ချရေး၊ ရောဂါကူးစက် ပြန့်ပွားမှု တားဆီးရေး၊ နိုင်ငံစီးပွားရေးထိခိုက်မှုဖြစ်ပွားစေနိုင်မည့်အခြေအနေများ မဖြစ်ပေါ်စေရေးတို့ကိုရည် ရွယ်၍ ဦးစားပေးအုပ်စုများ ခွဲခြားထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)