ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား
Aug 04,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁၄၄)ရပ်ကွက် ဝက်မစွပ်လမ်းနှင့် ရာဇသင်္ကြန်လမ်းထောင့်တွင် ယနေ့နံနက်၄နာရီ၁၅မိနစ်အချိန်က မီးလောင်မှုဖြစ်ပွား ခဲ့သဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ထွက်ခွာငြိမ်းသတ်ရာ နံနက်၅နာရီ၅၀မိနစ်အချိန်တွင် မီးငြိမ်းသွား ကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မီးသတ်ဦးစီးဌာနမှသိရှိရသည်။