ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် (၂၆)ဦး ထပ်မံတွေ့ရှိ၊ (၁၁)ဦး ပြန်လည်ကျန်းမာလာ

ဟားခါး  ဩဂုတ်  ၅

ချင်းပြည်နယ်၊ ဟားခါးမြို့၌ ယမန်နေ့တွင်  ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် (၂၆)ဦး ထပ်မံတွေ့ရှိပြီး (၁၁)ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။

ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ‌ဟားခါးမြို့နယ်အတွင်း ရောဂါပိုး‌တွေ့ရှိသူ (၄၂၁)ဦး၊ သေဆုံးသူ (၁၄)ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၂၈၅)ဦးနှင့် ဆေးကုသမှုခံယူဆဲ (၁၂၂)ဦး ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)