ကျိန္တလီမြို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာ ကွယ်ဆေး တတိယနေ့ ဆက်လက်ထိုးနှံပေးလျက်ရှိ

ကျိန္တလီ  ဩဂုတ် ၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ကျိန္တလီမြို့တွင် အသက်(၆၅)နှစ်အထက် ပြည်သူများအား တရုတ် ပြည်သူ့သမ္မတ နိုင်ငံထုတ် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm)အား တတိယနေ့ဆက်လက် ထိုးနှံပေးခြင်းကို ကျိန္တလီမြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမစုရပ်၌ သြဂုတ် ၄ ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက် အမှတ်(၁)ရပ်ကွက် ၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်တို့အား တစ်ပြိုင်တည်းဆက် လက်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။

ထိုသို့ ထိုးနှံရာတွင် ကျိန္တလီမြို့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာ အောင်ခင်ထွေး ဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးစနစ်တကျ ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးမထိုးမီ ဆေးလာရောက်ထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း ၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်း ၊သွေးတွင်းအောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်း ၊ စာရင်းဇယားမှတ်တမ်းရယူခြင်း များဆောင်ရွက်ခဲ့ပြီး ၊ မြို့ပေါ် အမှတ်(၁) ရပ်ကွက်မှ အသက်(၆၅)နှစ်နှင့်အထက် လူဦးရေ (၁၉၇)ဦး ၊ အမှတ်(၂)ရပ်ကွက်မှ အသက်(၆၅) နှစ်နှင့်အထက် လူဦးရေ (၃၄၆)ဦးနှင့် အမှတ်(၃)ရပ်ကွက်မှ အသက်(၆၅)နှစ် နှင့်အထက်လူဦးရေ (၆၂) ဦး ၊ စုစုပေါင်း(၆၀၅)ဦးတို့မှ ဆေးထိုးရန်ကျန်ရှိနေသော ပြည်သူများအားဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ 

ဆက်လက်၍ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့အုပ်ချုပ်ရေးမှူးဦးဖြိုးဝေလင်း၊ ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာမှ တာဝန်ခံဆရာဝန် ဒေါက်တာအောင်ခင်ထွေး ၊ ဌာနဆိုင်ဝန်ထမ်းများက လာရောက် ကြည့်ရှုအားပေးခဲ့ကြသည်။ ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ဆေးထိုးစုရပ်၌ စုစုပေါင်း(၇၈)ဦးကို ထိုးနှံပေးနိုင်ခဲ့ပြီး ကျန်ရက်များတွင် လည်း ၊ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသူများအား သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ က ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း ကျိန္တလီမြို့ ကျန်းမာရေး နှင့်ကုသ ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။