သတင်းများ

မြို့သစ်မြို့နယ်တွင် မိုးစပါးသီးနှံဧက (၅၂၆၇၁)ဧက စိုက်ပျိုးပြီးစီး
Sep 07,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ မိုးစပါးစိုက်ပျိုးရာသီ၌ မိုးစပါးသီးနှံ လျာထားဧကပြည့်မီရေးအတွက် တောင်သူများမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ   ယခုလက်ရှိတွင် မိုးစပါးသီးနှံဧက (၅၂၆၇၁)ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ပခုက္ကူခရိုင်အတွင်း ရေနစ်မြုပ်သည့် ကျေးရွာ(၂၅)ရွာမှ ကျွဲ၊နွား(၄၁၈၆)ကောင်အတွက် တိရစ္ဆာန်ဆေးဝါးများ အခမဲ့ဖြန့်ဝေ
Sep 07,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်း ရေနစ်မြုပ်သည့် ကျေးရွာ(၂၅)ရွာမှ ကျွဲ၊နွား(၄၁၈၆)ကောင်အတွက် ဆေးဝါး ကုသပေးနိုင်ရေး နိုင်ငံတော်မှထောက်ပံ့သော တိရစ္ဆာန်ဆေးဝါးများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉နာရီ အချိန်က ပခုက္ကူခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
ကျောက်မဲမြို့တွင် Sinopharm အမျိုးအစားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးသူပေါင်း ၂၉၃၁ ဦးရှိပြီဖြစ်
Sep 07,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ မြို့ကျက်သရေဆောင်ခန်းမနှင့် ကွန်ဖြူးရှပ်ကျောင်းတို့၌  Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား  ဒုတိယအကြိမ်အဖြစ်ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၆ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၂၉၃၁ ဦးရှိပြီဖြစ်ကြောင်းသိရ သည်။
ဇီးကုန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်
Sep 07,2021
နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်  ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဖြူမြို့တွင် နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများထုတ်ပေးနိုင်ရေး ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်
Sep 07,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နယ်မြေခံ တပ်ရင်း၊တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက ခလရ(၃၄) တပ်ရင်းသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပုလောမြို့နယ်ရှိ ပြည်သူ့ဆေးရုံများတွင် အသုံးပြုရန် လီတာ ၄၀ ၀င် အောက်ဆီဂျင်အိုး အလုံး(၁၀၀)  ထောက်ပံ့ လှူဒါန်း
Sep 07,2021
ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုး ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ ညနေ ၃ နာရီက ပုလောမြို့နယ်အတွင်းရှိ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ပြုရာတွင် အောက်ဆီဂျင် လုံလောက်စွာရရှိနိုင်ရေး အတွက် အသုံးပြုနိုင်ရန်  လီတာ ၄၀ ၀င် အောက်ဆီဂျင် အိုး အလုံး(၁၀၀) လှူဒါန်းခဲ့ကြောင်း သိရသည်။
ချောင်းဆုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို ပြည်သူ(၇၈၇၈)ဦးအား ဒုတိယအကြိမ် အောင်မြင်စွာ ထိုးနှံပြီးစီး
Sep 07,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် အသက် ၆၅နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ နှင့် ဦးစားပေး အုပ်စုအလိုက် သတ်မှတ်ထားသည့် စည်းကမ်းချက်အတိုင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ဒုတိယအကြိမ်ထိုးနှံပေးမှုကို ဩဂုတ်လ(၂၇)ရက်နေ့ မှစက်တင်ဘာ (၆)ရက်နေ့အထိပြည်သူ (၇၈၇၈)ဦးအား အောင်မြင်စွာထိုးနှံပြီးစီးကြောင်းသိရသည်။
ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ် လူဦးရေ(၂၆၂၃) ဦးထိုးနှံပြီး
Sep 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားသော အသက် (၆၅) နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ပြည်သူများကို ယနေ့ နံနက် ၉ နာရီမှ စတင်ကာ မြို့လယ်ဓမ္မာရုံတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။