မြို့သစ် စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ မိုးစပါးစိုက်ပျိုးရာသီ၌ မိုးစပါးသီးနှံ လျာထားဧကပြည့်မီရေးအတွက် တောင်သူများမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုလက်ရှိတွင် မိုးစပါးသီးနှံဧက (၅၂၆၇၁)ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
“ကျွန်တော်အခုစိုက်ပျိုးထားတာကတော့ ဧရာမင်းစပါးမျိုးဖြစ်ပါတယ်။ ၂၀၂၁ မိုးစပါး ငါးဧ ကစိုက်ခင်းဖြစ်ပါတယ်။မျိုးကတော့ စိုက်ပျိုးရေးဦးစီးဌာနရုံးထုတ်ဖြစ်ပါတယ်။ နတ်မောက်ဆည် ရေသောက်နဲ့စိုက်ပျိုးထားတာပါ၊ စိုက်တဲ့နည်းစနစ်ကတော့ အတန်းလိုက်စိုက်ပျိုးနည်းစနစ်ဖြစ်ပါတယ်။ စိုက်ပြီး ၁၅ ရက်သားတွင် ပေါင်းသတ်ဆေးဖြန်းပြီးတော့ ၃ရက်အကြာတွင် ဓာတ်မြေသြဇာ ပက်ကြဲခြင်းဖြစ်ပါတယ်။ ကုန်ကျစရိတ်အနေနဲ့ တစ်ဧကလျှင် ၈သောင်းကျပ်နှုန်း ကုန်ကျပါတယ်။ ကျွန်တော်တို့အနေနဲ့စပါးအထွက်နှုန်းကောင်းအောင်စိုက်ပျိုးပြုပြင်ရခြင်းဖြစ်ပါတယ်။ စိုက်ပျိုးပြီးရက် ၁၅၀ ပြည့်တာနဲ့ ရိတ်သိမ်းခြွေလှေ့စက်နဲ့ ရိတ်သိမ်းမှာဖြစ်ပါတယ်။ တစ်ဧကကို တင်း ၈၀ နှုန်း ထွက်ရှိမယ် လို့ခန့်မှန်းထားပါတယ်” ဟု ဧရာမင်းမိုးစပါးစိုက်တောင်သူဦးလှမြင့်ကြည်ကပြောသည်။
မြို့သစ်မြို့နယ်တွင် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးသီးနှံဧက (၅၉၅၉၅)ဧကလျာထားပြီး (၅၂၆၇၁)ဧက စိုက်ပျိုးပြီးစီးရာ အစိုးရဆည်တမံဖြင့် (၂၀၀၇၃)ဧက၊ မိုးကောင်းသောက်ဖြင့်(၃၀၀၄၇)ဧက၊ ဆည်ငယ်ကန်ငယ်ဖြင့် (၂၅၅၁)ဧက စိုက်ပျိုးထားရှိပြီး မြို့နယ်စိုက်ပျိုးရေဦးစီးဌာနဝန်ထမ်းများကလည်း တောင်သူများသီးနှံအထွက်နှုန်းတိုးပွားရေးအတွက် စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး စိုက်ပျိုးပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)