သတင်းများ

ပူတာအိုခရိုင်၊ခေါင်လန်ဖူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ်ထိုးနှံ
Sep 07,2021
ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ အစိုးရ/ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊လူမှုကူညီရေးအသင်းများ၊ ဘုန်းကြီး‌ကျောင်း/သီလရှင်‌ကျောင်း/ သာ သနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊စားသောက်ကုန်ပစ္စည်းရောင်းချသူများနှင့်လက်ဖက်ရည် ဆိုင်/စားသောက် ဆိုင်များမှဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို စက်တင်ဘာ(၆)ရက်မှစ၍ ခေါင်လန်ဖူးမြို့နယ်ခန်းမ၌ မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများမှ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်။
ရသေ့တောင်မြို့နယ်၌ တစ်ရက် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုးအလုံး ၅၀ ထွက်ရှိမည့် အောက်ဆီဂျင်စက်ရုံတည်ဆောက်နေမှု ၇၅ ရာခိုင်နှုန်းပြီးစီး
Sep 07,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါခံစားနေရသူများနှင့်အခြားလူနာများ အတွက် လိုအပ်လျက်ရှိသော အောက်ဆီဂျင်များအား ပြတ်လပ်မှုမရှိစေရေးနှင့် လုံလောက်စွာ ဖြည့်ဆည်းပေး နိုင်ရေးအတွက် တစ်ရက်လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုးအလုံး ၅၀ ထွက်ရှိမည့် အောက်ဆီဂျင် စက်ရုံအားတည်ဆောက်လျက်ရှိသည်။
ထားဝယ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသောအသက် (၆၅) နှစ် အထက်သက်ရွယ်ကြီးရင့်သူများ၊ ရဟန်းသံဃာနှင့်သီလရှင်များ၊ ပရဟိတအသင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ ပုဂ္ဂလိကဆေးရုံ/ဆေးခန်းဝန်ထမ်း၊ နိုင်ငံဝန်ထမ်း ၊ သာသနာ့ဝန်ထမ်၊ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းများမှ ပြည်သူများ အားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက် ကြောင်းသိရသည်။
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် Dead Body သယ်ယူပို့ဆောင်ရေး  အတွက် ထောက်ပံ့ငွေနှင့် ကိုဗစ်ကာကွယ်ရေးပစ္စည်းများထောက်ပံ့
Sep 07,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် Dead Body သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ကြသည့် ပရဟိတအဖွဲ့များ Volunteer များအား   ထောက်ပံ့ငွေ၊ ကိုဗစ်-၁၉ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်းအခမ်းအနားကို ယမန့်နေ့ နေ့လယ် (၂)နာရီ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မိတ္ထီလာမြို့နယ်  ကွက်ငယ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင်  ချောင်းကောက်ဆည်ရေ သောက်စနစ်ဖြင့် မိုးစပါးများ စတင်စိုက်ပျိုး 
Sep 07,2021
မိတ္ထီလာမြို့နယ် ကွက်ငယ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ချောင်းကောက်ဆည်ရေ သောက်စနစ်ဖြင့် မိုးစပါးများ စတင် စိုက်ပျိုးနေပြီဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မယ်စဲ့မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး
Sep 07,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက်ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံရေးကို ဆောင်ရွက်ပေး လျက်ရှိရာ စက်တင်ဘာ ၆ ရက်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လိပ်သိုမြို့၌ ကိုဗစ်ကာကွယ်ဆေး  ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Sep 07,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ မြို့ပေါ်/ရပ်ကွက် ကျေးရွာအတွင်းရှိ  သံဃာတော်များ၊ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များ၊ အသက် (၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများ၊ လူမှုရေးအသင်းအဖွဲ့၀င် များအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို  ယနေ့ နံနက် ၉ နာရီအချိန်က လိပ်သိုမြို့ တိုက်နယ် ပြည်သူ့ဆေးရုံတွင် ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်
Sep 07,2021
သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းများ ကျရောက်လာပါက ပြည်သူများအား အချိန်နှင့် တစ်ပြေးညီ ထိရောက်လျင်မြန်စွာ ရှာဖွေကယ်ဆယ်နိုင်ရေးနှင့် တပ်ဖွဲ့ဝင်များ စွမ်းရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ယမန်နေ့ နံနက် ၉ နာရီခန့်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။