သတင်းများ

လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး
Sep 09,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှ စတင်၍ (၇.၈.၂၀၂၁)ရက်နေ့ နှင့်(၈.၈.၂၀၂၁)ရက်နေ့တို့ တွင် ပထမအကြိမ် ဆေးထိုးနှံပြီး သည့် အသက်(၆၅)နှစ် အထက်သက်ကြီးရွယ် အိုဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း(၄၃၅)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့၊ ကြက်ခြေနီနှင့် မီသတ်တပ်ဖွဲ့တို့မှပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအားဆောင်ရွက်ပေး လျက်ရှိကြောင်း  လှိုင်မြို့နယ် ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီမှသိရသည်။
ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေသည့် အသက် ၆၅ နှစ်အထက်ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံ
Sep 09,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေကြသည့် အသက် ၆၅ နှစ် အထက်ရှိပြည်သူများကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျန်းမာရေးဌာနမှဝန်ထမ်းများက အဆိုပါခိုလှုံရာ စခန်းသို့သွားရောက်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား   ဒုတိယအကြိမ်မြောက် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရွှေညောင် ရပ်စောက်-အင်တော-ကျောက်ဂူ-နောင်ချိုလမ်း ဆောင်ရွက်နေမှုအားကြည့်ရှု
Sep 09,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ်(၁၂)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင် ရပ်စောက်-အင်တော-ကျောက်ဂူ-တောင်ခမ်း-နောင်ချိုလမ်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ရွှေညောင်-အင်တော-ကျောက်ဂူ-တောင်ခမ်း-နောင်ချိုလမ်းမိုင် အရှည်မိုင်(၁၁၄/ ၂.၅-၁၄၃/၇.၅=၂ ၉မိုင်၅ဖာလုံ) လမ်းအကျယ်(၁၈)ပေ (၁၈/၅)
ပေါင်းတည်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးရန် ဝန်ထမ်းများနှင့်ပြည်သူများအား ကာကွယ်ဆေး များ ဆက်လက်ထိုးနှံပေး
Sep 09,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါင်းတည်မြို့နယ်တွင် ကိုဗစ် -၁၉ကာကွယ်ဆေးထိုးရန် ဝန်ထမ်းများနှင့် ပြည်သူများအား ယမန်နေ့က အထက မင်းကွက် ၂ ရပ်ကွက်၌ ဒုတိယအကြိမ် ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးများဆက်လက် ထိုးနှံပေး လျက် ရှိကြောင်းသိရသည်။
တိုက်ကြီးမြို့နယ်ရှိ ဒဂုံဆိပ်ကမ်း (၂) အထည်ချုပ်စက်ရုံ၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (ပထမ အကြိမ်) သွားရောက်ထိုးနှံပေး
Sep 09,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်း ကိုဗစ် -၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများကို ပြည်သူများအား ဦးစားပေး ဦးတည်အုပ်စုအလိုက် ထိုးနှံပေးလျက်ရှိရာ ရှမ်းစုရပ်ကွက်ရှိ ဒဂုံဆိပ်ကမ်း (၂) အထည်ချုပ် စက်ရုံ ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်ခန့်က ကို​ဗစ် - ၁၉ ရောဂါကာကွယ်ဆေး(Sinovac) ပထမအကြိမ် ထိုးနှံခြင်းကို တာဝန်ရှိသူများက သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ် ဝန်ကြီးချုပ်တက်ရောက်
Sep 09,2021
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နာဂဒေသ လေရှီးမြို့တွင် ကိုဗစ်-၁၉ရောဂါပိုးထပ်မံတွေ့ရှိ
Sep 09,2021
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၌ ဩဂုတ် ၂၄ ရက်နေ့က stay at home သတ်မှတ်ထားသည့် ဟုမ္မလင်းမြို့နယ်မှ ပြန်လာသူ ဒိန်းဂလိန်းအုပ်စု ရေဒေါင်ကျေးရွာနေ အသက်(၅၀)အရွယ် အမျိုးသမီးအား ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေရှိခဲ့ကြောင်းသိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြိုအောက်ဆီဂျင်စက်ရုံအား ကြည့်ရှု စစ်ဆေးပြီး ပြည်သူ့ဆေးရုံများအတွက် Oxygen Concentrator များ ပေးအပ်
Sep 09,2021
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းတွင် မြိတ်မြို ပြည်သူ့ဆေးရုံရှိ အောက်ဆီဂျင်စက်ရုံသို ရောက်ရှိခဲ့ကြပြီး အောက်ဆီဂျင် ထုတ်လုပ်၍ ဆေးရုံနှင့် ကိုဗစ်စင်တာများသို ဖြန့်ဖြူးပေးနေမှု အခြေအနေများအား ကြည့်ရှု စစ်ဆေး၍ မြိတ်ခရိုင်အတွင်းရှိ ဆေးရုံများအတွက် Oxygen Concentrator များ ပေးအပ်ခဲ့သည်။