ပဲခူး စက်တင်ဘာ ၁၅
မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ကိုဗစ်-၁၉ ကာလအတွင်း ဆရာတော် သံဃာတော်များနှင့် သီလရှင်များ ဆွမ်းကိစ္စအဝဝတွက် အခက် အခဲမရှိစေရန်အတွက် ဆွမ်းဆန်တော်နှင့် ဆီတို့ကို ယမန်နေ့ နံနက်ပိုင်းက သွားရောက် ဆပ်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် သနပ်ပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်နှင့် တာဝန်ရှိသူတို့ က ဘုန်းတော်ကြီးကျောင်း (၁၉)ကျောင်း၌ ဝါဆိုတော်မူသော သံဃာတော် (၃၆၅)ပါးအတွက် ဆန်(၈၂) အိတ်၊ ဆီ (၆၉)ပိဿာ၊ ကြက်သွန်နီ (၉၂) ပိဿာတို့ကိုလည်းကောင်း သီလရှင်ကျောင်းတိုက်မှ သီလရှင် (၂၆)ပါးအတွက် ဆန်(၇)အိတ်၊ ဆီ(၆)ပိဿာ၊ ကြက်သွန်နီ (၈)ပိဿာတို့ကို လည်းကောင်း ဆပ်ကပ် လှူဒါန်းခဲ့သည်။
အဆိုပါ လှူဒါန်းမှုသည် သနပ်ပင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း စုစုပေါင်း ကျောင်းတိုက်(၂၀)ရှိ သံဃာတော်နှင့် သီလရှင်များအတွက် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကာလအတွင်း ဆရာတော်သံဃာတော်များနှင့် သီလရှင်များ ဆွမ်းကိစ္စအဝဝတွက် အခက်အခဲမရှိစေရန် ဆက်လက်၍ လှူဒါန်းသွားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)