ကွန်ဟိန်း စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၁)ဦး ထပ်မံစစ်ဆေး တွေ့ရှိကြောင်း ယမန်နေ့၊ ညနေ(၄:၀၀)နာရီအချိန်ခန့်က မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီထံမှ သိရသည်။
ဖြစ်စဉ်မှာ ကွန်ဟိန်းမြို့၊ နှင်းဆီလမ်း၊ အမှတ်(၃)ရပ်ကွက်နေ အမျိုးသား(၁)ဦးသည် ချောင်းဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နှားစေးခြင်းတို့ကြောင့် မွန်းလွဲ(၁:၀၀)နာရီအချိန်ခန့်က ကွန်ဟိန်းမြို့နယ်ပြည် သူ့ဆေးရုံ၌ကျန်းမာရေးစစ်ဆေးမှုခံယူရန်ရောက်ရှိလာသဖြင့် Tesk Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ(တွေ့ရှိ)ခဲ့ပါသည်။ ၎င်းနှင့်ထိတွေ့ဆက်စပ်သူ အမျိုးသား(၂)ဦးအား Test Kitဖြင့်စစ် ဆေးခဲ့ရာ ပိုးမတွေ့ရှိ(မတွေ့ရှိ) ကြောင်းစစ်ဆေးတွေ့ရှိခဲ့ပါသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးအတည်ပြုလူနာ(၁)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံ အထူးကုသဆောင်၌ ကြပ်မတ်ကုသပေးလျက်ရှိပါသည်။ကျန်ပိုးမတွေ့ရှိသူ အမျိုးသား(၂)ဦးအား နေအိမ်၌ Stay At Home နေထိုင်စေ၍ အတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်မှုရှိခဲ့သူများကိုလည်း မြို့နယ်ကျန်းမာရေးဌာန တာဝန်ရှိသူများက ကွင်းဆင်း၍ စစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ပြည့်(ကွန်ဟိန်း)