သတင်းများ

မန်တုံမြို့တွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ မြို့မိ မြို့ဖများနှင့်တွေ့ဆုံပွဲ
Sep 17,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ မန်တုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ၊မြို့မိမြို့ဖ များနှင့် တွေ့ဆုံပွဲအခမ်းအနားကို မန်တုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နမ့်ကုမ်ခန်းမ၌ စက်တင်ဘာလ (၁၅)ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်နှင့်အညီ ကျင်းပဆောင်ရွက်ခဲ့ပါသည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများအနက် ရောဂါပျောက်ကင်းသူ(၂၃) ဦးထပ်မံ ဆေးရုံဆင်းခွင့်ရ
Sep 17,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးကောင်းမွန်သူ(၂၃)ဦး ထပ်မံဆေးရုံဆင်းခွင့် ရရှိခဲ့ကြောင်း သိရ သည်။
ပြင်စလူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများကို မိဘပြည်သူများအား ထပ်မံအသိပညာပေးနှိုးဆော် ခြင်းများဆောင်ရွက်
Sep 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ၊ ပြင်စလူမြို့တွင် ရပ်ကွက်များအတွင်း ကိုဗစ် -၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများကို မိဘပြည်သူ များ သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးထပ်မံနှိုးဆော်ကြေညာပေးခြင်းကို ယနေ့ နံနက် (၉) နာရီ မှစ၍ ပြင်စလူမြို့၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြင်စလူမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာန ၊ ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအား Sound Box စက်ဖြင့် လိုက်လံအသိပေနှိုးဆော်ခဲ့ကြောင်းသိရသည်။
ခိုလမ်မြို့မှကိုဗစ်-၁၉ရောဂါပိုးအတည်ပြုလူနာ(၅)ဦးထပ်မံတွေ့ရှိ
Sep 17,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ ခိုလမ်မြို့ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံသို့ မောခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့ပျောက်ခြင်းနှင့် အန်ခြင်း ခံစားရသဖြင့် ဆေးရုံသို့ လာရာက်ပြသခဲ့ကြသည်။
နေပြည်တော်အတွင်း စိုက်ပျိုးသီးနှံများ အထွက်တိုးအောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ SME နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို သမဝါယမစနစ်ဖြင့် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 17,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စိုက်ဧကတိုးချဲ့ခြင်းအစား ရှိပြီးသားစိုက်ပျိုးမြေများတွင် တစ်ဧကအထွက်တိုးအောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ SMEနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို သမဝါယမစနစ်ဖြင့် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော် ကောင်စီရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။
ဝါးခယ်မမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်
Sep 17,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကျော်စိုးနှင့်ဝန်ထမ်းများမှ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် အလမန်းတူးချောင်းကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းခွဲ၌ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ​ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 17,2021
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် နာတာရှည်ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ အသက် ၅၅ နှစ်နှင့်အထက်အသက်ကြီးသူများ၊ လူအများနှင့်ထိတွေ့ဆက်ဆံနေရသည့်ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်းဆေးထိုးစုရပ်၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအသိပညာပေးခြင်းနှင့် (Sinopharm)ကာကွယ်ဆေးထိုးနှံ နိုင်ရေးအသိပေးနှိုးဆော်
Sep 17,2021
ကရင်​ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုလျော့နည်းစေရန်နှင့် ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရေး ပြည်သူများအားပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇နာရီက ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမရှိစေ ရေး အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) တစ်ကြိမ်မျှ မထိုးနှံရသေးသည့် သူများအား ဒုတိယအုပ်စုအနေဖြင့်ထိုးနှံနိုင်စေရေး နှိုးဆော်ခြင်း များကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အမှတ် (၃)ရပ်ကွက် ရာအိမ် မှူးနှင့် ကမမောင်းမြို့ကြက်ခြေနီအဖွဲ့ခွဲငယ်တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။