မိုင်းပန်မြို့နယ် မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပ
Dec 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီ ဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးငြိမ်းသတ်နည်း သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများကို မြို့မဈေး၌ ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပသည်။