မိုင်းခတ် ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မိုင်းခတ်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် တိုက်ကျွေးထိုးနှံပေးကြောင်း သိရသည်။
ထို့သို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက မိုင်းခတ်မြို့ပေါ်ရှိ ရပ်ကွက်နှင့်ကျေးရွာများရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင် ၊ (၅)မျိုးစပ်ကာကွယ်ဆေး ၊ ပိုလီယိုအကြောသေ ၊ ဝက်သက် ၊ ဂျိုက်သိုး ၊ ပြင်းထန် ဝမ်းပျက် ဝမ်းလျှောဖြစ်စေတတ်သော (Rota) ကာကွယ်ဆေးကိုပါ တိုက်ကျွေးပြီး ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို တိုက်ကျွေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)