မိုင်းပန် ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီ ဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးငြိမ်းသတ်နည်း သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများကို မြို့မဈေး၌ ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မိုင်းပန်မြို့နယ် မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးဟိန်းလင်းထိုက်မှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အကြောင်းအရာများ၊ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးတွင် ပါရှိရမည့် သတ်မှတ်ချက်အရည်အသွေး ပြည့်ဝမှု ရှိ/မရှိ စစ်ဆေးနည်း၊ ဆီမီးလောင်မှု ရေစိုအဝတ်အသုံးပြု၍ မီးငြှိမ်းသတ်နည်းများ ပြသခဲ့ပြီး ဈေးဝန်ထမ်းများနှင့် ဈေးသူ/သားများအား ကိုယ်တိုင်လက်တွေ့ မီးငြှိမ်းသတ်စေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)