ကျိုင်းတုံမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ကျေးရွာစာကြည့်တိုက်ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျိုင်းတုံ အောက်တိုဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် နိုင်ငံတော်မတည်ငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် ကျေးရွာစာကြည့်တိုက်များ စံချိန်စံညွှန်းပြည့်မီ၍ သတ်မှတ်ကာလအတွင်း ဆောက်လုပ်ပြီးစီးနိုင်ရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၈ နာရီခွဲက စာကြည့်တိုက်ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်မိုင်ကျေးရွာနှင့် မိုင်းဇင်းကျေးရွာအုပ်စုရှိ ကတ်ဇင်းကျေးရွာများတွင် နိုင်ငံတော်မတည်ငွေကျပ် သိန်း ၁၅၀ ဖြင့် စာကြည့်တိုက်ဆောက်လုပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ရေရှည်တည်တံ့ကောင်းမွန်စေရန်နှင့် သတ်မှတ်ကာလအတွင်း ဆောက်လုပ်ပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးသည် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)ရုံးနှင့် ကျိုင်းတုံခရိုင်ရုံး အဆောက်အဦနှင့် ခေါင်မိုးမျက်နှာကျက် ပြင်ဆင်ထိန်းသိန်းခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးရာ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ဦးစီးမှူး ဦးအေးမောင်က  လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးသည် ကျိုင်းတုံမြို့ ပြည်နယ်အစိုးရရိပ်သာ၌ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်များ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၏ ကွပ်ကဲမှုအောက်ရှိ  ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ဒေသအတွင်း ကျန်းမာရေး၊ ပညာရေး၊ အားကစား၊ သန်းခေါင်စာရင်းကောက်ယူမှု၊ ကျေးရွာစာကြည့်တိုက်များဆောက်လုပ်နေမှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များရပ်များနှင့်ပတ်သက်၍ ဆွေးနွေးရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အောင်ဇင်မြင့်(ပြန်/ဆက်)