မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ(၁၁)ဦး ထပ်မံတွေ့ရှိ
Nov 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်၊ကုသရေး ကော်မတီအဖွဲ့မှ ဦးဆောင်၍ မြို့မစျေးရှိ စျေးဆိုင်ရှင်များ၊ ပျံကျစျေးသည်များ၊ စျေးဝယ်သူများနှင့် မြို့တွင်းဝင်/ထွက်သွားလာသူများ ၊ပိုးတွေ့လူနာများ၏ မိသားစုဝင်များ ၊Contactထိတွေ့သူများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းတွင်း နေထိုင်သူများ စုစုပေါင်းလူဦးရေ(၁၃၀)ဦးအား RDTtest kitဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါပိုး (၁၁)ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။