ဘူးသီးတောင်မြို့ ၌(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့(အကြို) အသိပညာပေး စာဖတ် ဝိုင်း ဆွေးနွေးပွဲနှင့်စာအုပ်စာစောင်ပြပွဲ ကျင်းပ

ဘူးသီးတောင်  နိုဝင်ဘာ  ၂၆

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးအေးအောင် ဦးဆောင်၍ ဝန်ထမ်းများသည် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ (အကြို ) အထိမ်းအမှတ်အဖြစ် စာဖတ်ဝိုင်းနှင့်စာအုပ်စာစောင်ပြပွဲ ကျင်းပခြင်းကို ယနေ့နေ့လည် ၂ နာရီခွဲက လူထုအခြေပြု ဗဟိုဌာန (community centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေ့ဦးစွာ(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ (အကြို) အထိမ်းအမှတ်အဖြစ် အမျိုးသား နေ့အကြောင်းသိကောင်းစရာစာဖတ်ဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးဆောင်ကျင်းပသည်။

ထို့နောက် အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းမှ အခမ်းအနားတက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများအားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးအောင်မှ အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာကို ဦးဆောင်ဆွေးနွေးခဲ့ပြီး ဒုတိယဦးစီးမှူးဦးမြင့်ခိုင်တို့မှ အမျိုးသားနေ့အောင်ပွဲနေ့အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့(အကြို ) အထိမ်းအမှတ်အဖြစ် စာအုပ်စာစောင်ပြပွဲအား ပူးတွဲကျင်းပရာ  Mini Museumတွင်ပြသထားရှိသော တိုင်းရင်းသားရိုးရာ အသုံးအဆောင်များအားကျောင်းသား/ ကျောင်းသူများက လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)