မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ(၁၁)ဦး ထပ်မံတွေ့ရှိ

မိုင်းခတ်   နိုဝင်ဘာ  ၂၆

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) မိုင်းခတ်မြို့နယ်တွင် ယ​မန်နေ့နံနက်ပိုင်းက ကိုဗစ်-၁၉​ကာကွယ်၊ ထိန်းချုပ်၊ကုသ​ရေး ကော်မတီအဖွဲ့မှ ဦး​ဆောင်၍ မြို့မ​စျေးရှိ​​ စျေးဆိုင်ရှင်များ၊ ပျံကျ​စျေးသည်များ၊​ စျေးဝယ်သူများနှင့် မြို့တွင်းဝင်/ထွက်သွားလာသူများ ၊ပိုး​တွေ့လူနာများ၏ မိသားစုဝင်များ ၊Contactထိ​တွေ့သူများနှင့် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ရုံးဝန်းတွင်း​ နေထိုင်သူများ စုစု​ပေါင်းလူဦး​ရေ(၁၃၀)ဦးအား RDTtest kitဖြင့် စစ်​ဆေးရာ ကိုဗစ်-၁၉​​ရောဂါပိုး (၁၁)ဦးတွေ့ရှိခဲ့​ကြောင်း သိရသည်။

၎င်းပိုးတွေ့လူနာများမှာ​ အမှတ်(၁)ရပ်ကွက်မှ (၅)ဦး၊မြို့နယ်အ​​ထွေ​ထွေအုပ်ချုပ်​ရေး ဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး ၊မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး စုစု​ပေါင်း(၁၁)​ဦး စစ်​ဆေး​တွေ့ရှိခဲ့​ကြောင်း သိရသည်။

အဆိုပါလူနာများအား မိုင်းခတ်မြို့နယ် ပြည်သူ့ဆေးရုံသီးသန့် လူနာ​ဆောင်တွင် ဆေးကုသ​ပေး​လျက်ရှိကြောင်း မြို့နယ်ကျန်းမာ​ရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ခံဆရာဝန်ထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)