လားရှိုးမြို့ Community Center တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

လားရှိုး       နိုဝင်ဘာ   ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ၊ဘက်စုံသုံးခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို(မူလတန်းအဆင့်) ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါကဗျာရွတ်ဆိုပြိုင်ပွဲတွင် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က  (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို (မူလတန်းအဆင့်) ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ Community Center တစ်ထပ်ချင်းစီနှင့် ပတ်သက်၍ အခမဲ့ လာရောက်အသုံးပြုနိုင်ကြောင်း မိတ်ဆက်စကား ပြောကြားပေးခဲ့သည်။ ဆက်လက်၍ လားရှိုးမြို့ပေါ်ရှိ အခြေခံကျောင်းများမှ ကျောင်းသား/သူ(၁၀)ဦးတို့က ပြိုင်ပွဲဝင်ကဗျာများ ရွတ်ဆိုယှဉ်ပြိုင်ခဲ့ကြသည်။ထို့နောက် ဆုရရှိသော ကျောင်းသား/သူများနှင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား/သူများအား အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး