နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံ

နောင်ချို    နိုဝင်ဘာ   ၂၆  

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ကုသရေး ၊ လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ တစ်ဦး၏ ရင်တွင်းစကားသံ အချို့ကို ဖော်ပြလိုက်ပါသည်။

ကိုသူရထွန်း

“ကျွန်တော်ကတော့ ကိုသူရထွန်း ဖြစ်ပါတယ်ခင်ဗျ။ ဈေးရပ်ကွက်မှာ နေထိုင်ပါတယ်။ အသက် ကတော့ (၄၃)နှစ်ရှိပါပြီ။  ကျွန်တော် အရင်ဆုံး ခေါင်းကိုက်လာတယ်၊ နှာစေး၊ ချောင်းဆိုး ဖြစ်လာတယ်။  ဖြစ်တာနဲ့ကျွန် တော်ဒီကိုဂျင်သောက်ပြီး အိပ်လိုက်တာ၊ မနက်မိုးလင်းတော့ သက်သာ သွားပါတယ်။ ဒါပေမဲ့ နှာခေါင်းက အနံ့ မရတော့ဘူး၊ အနံ့ပြင်းတဲ့ Handgel တွေရှု၊ ငါးပိဘူးတွေ နမ်းကြည့်တယ်၊ ဘာအနံ့မှမရတော့ဘူး။ ဒါနဲ့ ကိုဗစ်ဖြစ် ပြီလို့ ယူဆမိတာကြောင့် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ရောဂါပိုး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါပိုး တွေ့ရှိတာနဲ့ ပြည်သူ့ဆေးရုံ ကုသရေးစင်တာမှာ တက်ရောက်ပြီး ဆေးကုသမှုခံယူခဲ့ပါ တယ်။ ဆေးရုံတက်ရောက်ပြီး ၅ ရက်အကြာမှာ နှာခေါင်းအနံ့ ပြန်ရလာပါတယ်။ ၁၀ ရက်ကြာ မှာတော့ ကျန်းမာရေးကောင်းမွန်ပြီးဆေးရုံဆင်းခွင့် ရရှိခဲ့ပါတယ်။ ဆေးရုံမှ ပြန်ရောက်တာနဲ့အိမ်မှာ Home Quarantine (၇)ရက်ထပ်မံနေထိုင်ခဲ့ပါ တယ်။ ကိုဗစ်ရောဂါမဖြစ်အောင် အစစအရာအရာ သိတိပြုနေထိုင်ကြဖို့လိုပါတယ်။ ကိုဗစ်ဖြစ်တဲ့ အချိန်မှာ အိမ်မှာ ကျန်ခဲ့တဲ့ အမေ့အတွက် စိတ်ပူခဲ့ရတယ်။ ကံကောင်းစွာနဲ့ပဲ အမေကတော့ ရောဂါကူးစက်မခံခဲ့ရပါဘူး၊ ကျွန်တော် ပြောပြချင်တာက ဒီရောဂါဟာဘယ်ချိန် ၊ဘယ်နေရာ ရောက်လာမယ် ဆိုတာမသိနိုင်ပါဘူး၊ ဒါကြောင့် ဘယ်ကိုသွားသွား Mask တပ်ပါ။ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ပါ။ မကြာ ခဏလက်ဆေးပါ။ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစည်းကမ်းချက်များ အတိုင်းနေထိုင်သွားကြ ပါလို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

ထွေးငယ် (ပြန်/ဆက်)