သတင်းများ

ရပ်စောက်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်ကာလအတွင်း ဆောင်ရွက်ပြီးစီးခဲ့သော ငွေလုံးငွေရင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Dec 30,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလကာလအတွင်း ဆောင်ရွက်ပြီးစီးခဲ့သော ငွေလုံးငွေရင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် ရွာမနား(တောင်)ကျေးရွာတွင်(VDP)စီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်း (၉၀)% ပြီးစီးပြီဖြစ်
Dec 30,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၊ ခြောက်လတာ ကာလအတွင်း ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP) ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည် ဆောင်ရွက် ပေးခြင်းကို စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀)ဖြင့် တောင်တွင်းကြီးမြို့နယ် ရွာမနား(တောင်) ကျေးရွာနေ ပြည်သူများ ရာသီမရွေး သွားလာနိုင်ရေးအတွက် ကျေးရွာတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ မျိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 30,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု လျော့နည်း ကျဆင်းနေသော်လည်း အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက် ရှိရာ ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇ မျိုးဗီဇပြောင်းအိုမီခရွန် (Omicron) အပါအဝင် ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများက မင်းကွက် (၁) ရပ်ကွက်အတွင်း လိုက်လံအသိပညာပေး​နှိုးဆော်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် (Omicro‌n) ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask ဖြန့်ဝေ‌
Dec 30,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron)ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၈ နာရီက မင်းလှမြို့အဝင် တြိဂံလမ်းဆုံ၊ ပြည်တော်သာလမ်းနှင့် ဇေယျာသီရိ ဈေးတို့တွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Dec 30,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းသား/သူများနှင့် ပြည်သူများအား (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပေါက်ခေါင်းမြို့ရှိ အခြေခံပညာကျောင်းများနှင့် ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
မိုးနဲမြို့၌ မျိုးစေ့လုပ်ငန်း (RS-CS) စံပြကွက်စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် ဓာတ်မြေဩဇာ ပေးအပ်ပွဲကျင်းပ
Dec 30,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးရုံး၌ ပဲပုပ်မျိုးစေ့ထုတ်နှင့် စံပြကွက် စိုက်ပျိုးမည့်တောင်သူများအား ရေဆင်း-၁၅ ပဲပုပ်မျိုးစေ့နှင့် သွင်းအားစုများထောက်ပံ့ ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါရုံးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ် ယင်းမာပင်ကျေးရွာ မြေနီလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှု ကွင်းဆင်း စစ်ဆေး
Dec 30,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၁-၂၀၂၂ခု ခြောက်လဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကျေးလက်လမ်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရွှေ့ကြို့ပင်ကျေးရွာအုပ်စု ယင်းမာပင်ကျေးရွာ၌ ခင်းကျင်းပြီးစီးသော မြေနီကျောက်စရစ်လမ်းအား ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်နှင့် ဝန်ထမ်းများက ဒီဇင်ဘာ ၃၀ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းတွင်းအားကစားပြိုင်ပွဲနှင့် စာစီစာကုံး၊ ကျပန်းစကားပြော ပြိုင်ပွဲများ ကျင်းပ
Dec 30,2021
ကယားပြည်နယ်၊ လွိုင်ကော်မြို့ အခြေခံပညာ အထက်တန်းကျောင်းနှင့် အလယ်တန်း၊ မူလတန်းကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစား ပြိုင်ပွဲနှင့် စာစီစာကုံး၊ ကျပန်းစကားပြော ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ မင်းစုရပ်ကွက်ရှိ အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း၌ မူလတန်းအဆင့် မီတာ (၅၀) အပြေး၊ မီတာ (၅၀)အာလူးကောက်၊ မီတာ(၅၀)အိတ်စွပ်၊ အလယ်တန်းအဆင့် မီတာ(၅၀) ထုပ်စည်းတိုး၊ အာလူးကောက်နှင့် အထက်တန်းအဆင့် မီတာ(၅၀) အိတ်စွပ်၊ ထုပ်စည်းတိုး၊ လွန်ဆွဲ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။