ဘိုကလေး ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်(၁၁)နာရီ၌ မြို့နယ်အတွင်း လူစည်ကားရာအရပ်များတွင် လက်ကိုင်အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့သည်။
နှိုးဆော်အသိပေးရာတွင် မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ဓာတ်ခွဲစစ်ဆေးမှုများအား တာဝန်ရှိသူများမှ စစ်ဆေးဆောင်ရွက်ရာ ဒီဇင်ဘာ(၂၈) ရက်နေ့တွင် ရရှိသည့် စစ်ဆေးမှုအဖြေအရ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၄)ဦးတွင် အိုမီခရွန် ရောဂါပိုး တင်တွေ့ရှိရသဖြင့် အများပြည်သူများအနေဖြင့် မပေါ့ဆရန် လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်များအား အလေးထားလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် မိမိတို့မြို့ရွာအား ရောဂါကြိုတင် ကာကွယ်တားဆီး နိုင်ရန် မြို့သူ၊ မြို့သားတိုင်း၌ တာဝန်ရှိကြောင်း အဓိကထား နှိုးဆော်အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုးစက်(ဘိုကလေး)