သံတောင်ကြီး ဇန်နဝါရီ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် (Community Centre)ခန်းမတွင် Book Club အဖွဲ့ဝင်များက စာပေ၏ အကျိုးကျေးဇူးကို သိရှိစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားလာခြင်းကို သိရှိစေရန်ရည်ရွယ်၍ ဒို့ကျေးရွာဂျာနယ် အတွဲ(၁၈)အမှတ် (၂၄) စာမျက်နှာ(၁၂) မှ ချစ်နိုင်(စိတ်ပညာ)၏ “လူတိုင်းလူတိုင်း” တွင်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နော်လော်မူက စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် နော်ဂျူးရာက ဘဝဟူသည် စဉ်ဆက်မပြတ် သင်ယူရသည့်အရာဖြစ်ကြောင်း မွေးကင်းစလူမှန်းသိစအရွယ်မှစကာ မိမိဘာသာစကားမတတ်သေးခင်မှာပင် ငိုခြင်းအသံပြုခြင်းဖြင့် ဆက်သွယ်ရကြောင်း စသည့်အကြောင်းအရာများဖြင့် ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး Book Club အဖွဲ့ဝင် နော်ဟဲလိုက နီးစပ်ရာပတ်ဝန်းကျင်စရိုက်များလည်း ရယူတတ်ခြင်း၊ လူမျိုးယဉ်ကျေးမှု၊ ဘာသာစကားကိုးကွယ်မှုဘာသာစရား၊ ရပ်ရွာ ဓလေ့အစဉ်အလာတို့က လူတစ်ယောက်ကို အကောင်းအဆိုးအချိန်နှင့် လေ့ကျင့်ပုံသွင်းခဲ့ကြောင်း စသည်တို့ကို ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက စာရေးဆရာချစ်နိုင် စိတ်ပညာ၏ လူတိုင်းလူတိုင်းသည် အကြောင်းအရာအား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)