ကံမမြို့ အမှတ်(၂)ရပ်ကွက် ကျောင်းကုန်း လမ်းသွယ်(၁)လမ်းပေါ်၌ ကွန်ကရစ်တံတား ပြုလုပ်ရန် မြေသား တူးဖော်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်

ကံမ ဇန်နဝါရီ ၁၈

မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှတ်() ရပ်ကွက် ကျောင်းကုန်း လမ်းသွယ်()လမ်း၌ ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ကွန်ကရစ်တံတား ပြုလုပ်ရန် မြေသားတူးဖော်ခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဆောင်ရွက်မည့်      ကွန်ကရစ်တံတားမှာ      အရှည် ၁၈ ပေ   အနံ  ပေ၊  အနက် ပေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေ ကျပ် ၁၅ သိန်းဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း   ကံမမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်လှိုင်ထံမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)