ဘီးလင်းမြို့နယ်၌ အခြေခံပညာ ဆရာ၊ ဆရာများအား ကျောင်းကျန်းမာရေး ပညာပေးခြင်းဆိုင်ရာ အဆင့်မြှင့် သင်တန်းဖွင့်လှစ်

ဘီးလင်း မတ် ၂၄

သထုံခရိုင်၊ ဘီးလင်းမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများအား ကျောင်းကျန်းမာရေး ပညာပေးခြင်းဆိုင်ရာ အဆင့်မြှင့် သင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အထက (ကန်သာယာ)ကျောင်း၌ ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် ဘီးလင်းမြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးခင်စိုး က အဖွင့်အမှာစကား ပြောကြားပြီး ဘီးလင်းမြို့နယ် မိခင်နှင့်ကလေး ကျန်မာရေးဌာန ကျန်းမာရေး ဆရာမ ဒေါ်ခင်ခင်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ကျောင်းကျန်းမာရေးဆိုင်ရာ အဆင့်မြှင့်သင်တန်းကို ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း ၁၉၈ ကျောင်းမှ တာဝန်ခံ ဆရာ၊ဆရာမ ၁၉၈ ဦး တက်ရောက်ကြပြီး မြို့နယ် ပြည်သူ့ ကျန်းမာရေး ဌာနမှ သင်တန်းနည်းပြ ဆရာ၊ဆရာမ ၄ ဦးတို့က ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေး ခေါင်းစဉ် ၇ ခုကို ၃ ရက်ကြာ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ထူးနောင် ဘီးလင်း (ပြန်/ဆက်)