ဖျာပုံမြို့နယ်တွင် အခြေခံလူဉီးရေစာရင်း ပြည့်စုံမှန်ကန်စေရေး လူဦးရေစာရင်း ပြုစု နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုအားပေး

ဖျာပုံ မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် အခြေခံလူဉီးရေစာရင်း ပြည့်စုံမှန်ကန်စေရေး လူဦးရေစာရင်း ပြုစုနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မတ်လ. ၂၄ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

အဆိုပါ မြေပြင်လူဦးရေစာရင်း ပြုစုရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာစာရေးများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မြေပြင်အမှန်လူဦးရေစာရင်းအား လိုက်လံပြုစုကြပြီး၊ သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်အချိန်မီ ပြီးစီးရေးအတွက် ဆောက်ရွက်ကြရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်နှင့် အဖွဲ့ဝင်များသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စည်အဝေးခန်းမတွင် မြေပြင်လူဦးရေအမှန်

စာရင်းရေးသွင်းလျက်ရှိကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ကွန်ပျူတာ ကျွမ်းကျင်ဝန်ထမ်းများ၊ မြို့နယ်ရပ်ကွက်/ ကျေးရွာများမှရပ်ကွက်/ ကျေးရွာစာရေးများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများပါဝင်သော ပူပေါင်းအဖွဲ့တို့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးရှိ လူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများအား မှန်ကန်စေရေး စနစ်တကျတိုက်ဆိုင်စစ်ဆေး ဆောင်ရွက်၍ စာရင်းရေးသွင်းနေမှုများအားလိုက်လံ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)