ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်၊  ပိတောက်လမ်းတွင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်မှုရာနှုန်းပြည့် ပြီးစီး

ပိုင်ကျုံ မတ် ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှအများပြည်သူများသွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ်(၃၁.၆၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပိတောက်လမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို  ဖေဖော်ဝါရီလ ၁၉ ရက်‌နေ့တွင်  စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၂ရက်တွင် လုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းသည်အရှည်(၉၂၀)ပေ၊ အကျယ်(၁၆)ပေ၊ ထု(၆)လက်မရှိပြီး ကွန်ကရစ်လမ်းခင်း ခြင်း လုပ်ငန်းကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်ခိုင်ဇင်ဖူးမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ လုပ်ငန်းပြီးစီးပြီးဖြစ်၍ ဒေသ‌နေပြည်သူမျာအနေဖြင့် ကျန်းမာ‌ရေး၊ စီးပွားရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများ‌ ဆောင်ရွက်ရာတွင် အဆင်‌ပြေလွယ်ကူ‌လာပြီးဖြစ်ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)