မိုင်းငေါ့ နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်း အမှတ်အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီ အချိန်က အဆိုပါဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးကြည်စိုးအောင်က မိမိတို့ဝန်ထမ်းများအနေဖြင့် ဌာနလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ကြိုးစား ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ထွေအုပ်ဝန်ထမ်းများနှင့် ရပ်ကွက်မှူးများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှတ်တရ တူညီ ဝတ်စုံများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့၊ ပြန်/ဆက်)