မန္တလေး နိုဝင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပညာရေးမိသားစု၏ (၂၁) ကြိမ်မြောက် စုပေါင်း၍ ကထိန်ပဒေသာပင်ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက ပညာရေး မှူးရုံးခန်းမ၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင် ဆရာတော်၊ သံဃာတော်များအား မြို့နယ်အတွင်းအခြေခံပညာ အထက်တန်း၊ အလယ်တန်း၊မူလတန်းမှ ကျောင်းအုပ်ဆရာ၊ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်အပေါင်းက ဩကာသ ကန်တော့ကျိုးဖြင့် ပူဇော်ကန်တော့ပြီး ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များနာယူဆောက်တည်သည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ကထိန်အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေသည်။
ယနေ့ စုပေါင်းဘုံမဟာကထိန်အတွက် လှူဒါန်းမှုအစုစုမှာငွေသားအလှူ (၁၄)သိန်းနှင့် ကထိန်ပစ္စည်းလှူဒါန်းတန်ဖိုး ကျပ်(၁၉)သိန်း စုစုပေါင်းတန်ဖိုးကျပ်(၃၃)သိန်းဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်