ရန်ကုန် နိုဝင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန် အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ အ.ထ.က(၁)ကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ အ.ထ.က(၁)ကျောင်းရှေ့ လမ်းမပေါ်တွင် ဖြတ်သန်းသွားလာသည့်ယာဉ်များကို ယာဉ်အန္တရာယ်ကင်းဝေးစေရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ယာဉ်မောင်းနှင်သူ တစ်ဦးလိုက်နာရမည့် စည်းကမ်းချက်များနှင့် ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်းများအား သိရှိလိုက်နာစေရန်စသည့် အသိပညာပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းကို အင်းစိန်မြို့နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ်၊ အဖွဲ့ဝင် ၁ ဗိုလ်မှူး သုခလှိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူးသန့်ဇင်၊ အမှတ်(၆၉)ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူးတင်ကို၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ကုန်လမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTA)မှ ဦးဇော်နိုင်ဌေး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်လတ်နှင့်တာဝန်ရှိသူများကပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို